Part 21♥

1.3K 142 32
                                    

လွန်ခဲ့တဲ့ရက်အနည်းငယ်က သတင်းတစ်ပုဒ်က မြို့အတွင်းလှုပ်လှုပ်ရှားရှားဖြစ်စေကာ နမည်ကြီးသွားသည်။ စီးပွားရေးလုပ်ငန်းရှင် မြို့မျက်နှာဖုံးဦးဥက္ကာယံ ကောင်လေးတစ်ယောက်အား မွေးစားခြင်း။

အကြောင်းအရင်းအမှန်ကို မည်သူမှမသိရှိတာကြောင့်၊ ကောလဟာလပေါင်းစုံထွက်လာသည်။ လူတွေက အကောင်းထက်၊ မကောင်းပိုပြောတတ်ကြသည်မို့၊ မကောင်းသတင်းပေါင်းများစွာ။

"အန်ကယ်ယံ။ အန်ကယ့်ကို လူတွေမကောင်းပြောနေကြတယ်။''

ဖတ်လက်စသတင်းစာကို ချကာ ညီ၊ ဦးဥက္ကာယံ ကိုလှမ်းပြောလိုက်သည်။

"ဒါ လူတွေရဲ့ သဘာဝပဲမလား။ မစိုးရိမ်ပါနဲ့၊ ကိုယ်တို့ နိုင်ငံခြား သွားတော့မှာပဲ။ အဲ့အခါ သတင်းတွေအလိုလိုပျောက်သွားလိမ့်မယ်။''

အခန်းဝမှာခိုးနားထောင်နေတဲ့ စံပယ် က မနာလိုမရှုစိမ့်နဲ့၊ လက်သီးကို ခပ်တင်းတင်းဆုတ်ထားသည်။ နွယ်နီ့ အပေါ် မကောင်းကြံခဲ့ပေမယ့်၊ မကောင်းကြံမှုက အကောင်းဖြစ်သွားစေသည်။

ညီ က ဦးဥက္ကာယံ နားလျှောက်လာကာ ရင်ခွင်ထဲတိုးဝှေ့ ဖက်တွယ်ရင်း ကလေးဆန်သည့် မေးခွန်းတစ်ခုမေးလာသည်။

"အန်ကယ်ယံ ညီသုတ နဲ့ နွယ်နီ ဘယ်သူ့ကိုပိုချစ်လဲ ဟင်။''

ဦးဥက္ကာယံ က ရယ်လိုက်ပြီး ညီ ရဲ့ ခေါင်းကိုပွတ်​ပေးကာ နှစ်ယောက်လုံးအား ချစ်သည် ဟုပြောသော်လည်း၊ ညီ က လက်မခံ။ တစ်ယောက်သာရွေးချယ်ခိုင်းသည်။

"ညီသုတ။''

ညီ က မျက်နှာလေးညှိုးကာ ဦးဥက္ကာယံ အား ဖက်ထားရာမှခွာလိုက်ပြီး ခုံပေါ်တွင် ပြန်လည်သွားထိုင်သည်။ ဦးဥက္ကာယံ က ညီ ဝမ်းနည်းသွားသည်ကို သိတာကြောင့် ညီ့ ဘေးတွင် မုဆိုးဒူးထောက်ထိုင်လိုက်ကာ လက်လေးတွေ ဆုတ်ကိုင်လိုက်သည်။

"ကိုယ်ဘာကြောင့် ညီသုတ ကိုပိုချစ်လဲလို့မမေးချင်ဖူးလားကွယ်။''

"အို ပိုချစ်တဲ့အကြောင်းရှိသေးတယ်ပေါ့။ ကဲပြော ဘာကြောင့်လဲ။''

"ညီသုတ က ကိုယ်စတွေ့ခဲ့တဲ့ ဖြူစင်တဲ့ကောင်လေးမို့။''

"ဟုတ်သားရယ်နော်၊ နွယ်နီ က မဖြူစင်တော့ဖူးပေါ့။''

သကျထားThetthtar(Complete)Where stories live. Discover now