Part 23♥

1.3K 130 24
                                    

သက်ထား နောက်ဖေးတွင် ဝယ်လာသည့် ဟင်းစားတွေကို ရေးဆေးကာ သိမ်းစရာရှိရာသိမ်း ချက်စရာရှိရာချက်နေသည်။ ကိုမောင် ဧည့်ခန်းထဲတွင် လက်ထဲက နှုတ်ခမ်းနီဘူးကိုကိုင်ကာ နောက်ဖေးချက်ချင်းဝင်ပြီး ပေးရမလို၊ ညစာစားပြီးမှပေးရမလို၊ အိပ်ရာဝင်မှပေးရမလို၊ ဗျာများနေသည်။

နှုတ်ခမ်းနီလေးအား ပေးဖို့ ထိုမျှပင် ခက်ခဲပေလော။ ရုတ်တရက် သက်ထား ထွက်လာတဲ့အခါ၊ ကိုမောင် အလန့်တကြား နှုတ်ခမ်းနီကို တိုက်ပုံအင်္ကျီအိတ်ကပ်ထဲထည့်လိုက်သည်။

"ဘာဖြစ်တာလဲ ကိုမောင်။ ညစာစားကြမယ်လေ။''

"ဘာမှမဟုတ်ပါဘူး ထားငယ်ရဲ့၊ ကိုယ်ဗိုက်တောင် အတော်ဆာနေပြီ။''

ဝက်သားနီချက်၊ မုန်ညှင်းကြက်ဥကြော်၊ ပဲကြာဇံဟင်းချိုဖြင့် ထမင်းဝိုင်း စုံစုံလင်လင်။ သက်ထား က သူမစားခင် ကိုမောင့် ကို အရင်ဦးချသည်။ ဟင်းမျိုးစုံကို ကိုမောင့် ပန်းကန်ထဲ ထည့်ပြီးသည့်အခါမှ သူစားသည်။

"ထားငယ် ဒီလိုမျိုးက ကြင်စဦးဇနီးမောင်နှံနဲ့မတူရယ်ဘူးလား။''

"ကိုမောင် တို့ ပေါက်ကရစပြောပြီ။ သက်ထား က ယောက်ျားလေးဟာ ဘယ်လိုလို့ ဇနီးဖြစ်ရယ်မှာလဲ။''

"အို ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်ပါ၊ ထားငယ် ကိုယ့်ကို ဒီလိုမျိုး ဟင်းဦးချပေးတာ ဇနီး က ခင်ပွန်းယောက်ျားအတွက် ဦးချပေးတာနဲ့ သိပ်တူရယ်တာပဲ။''

"ဟော ပေါက်ကရပါ ကိုမောင် ရယ်။ ကိုမောင် သက်ထား ထက် အသက်ကြီးလို့ အရင်ဦးချတာပါ။''

"မရပါဘူးရယ်။ ကိုယ်က ထားငယ် ရဲ့ ခင်ပွန်းပဲ။ ကိုယ့်ကို ယောက်ျားလို့ခေါ်။''

ဆိုးပေ ကိုမောင် ထမင်းစားခါနီး လူဆိုးလုပ်လေပြီ။ ယောက်ျား ဆိုသည့် နာမ်စားအားခေါ်ယူရန် သက်ထား ငြင်းဆန်သည်။ ထိုအရာဟာ နောင်တစ်ချိန်တွင် အရေးပါလာမည့်အရာဖြစ်သည်။

ကိုမောင် ထိုအရာကို အတင်းအကြပ်မခိုင်းစေပါပေ။ သက်ထား ရဲ့ ငြင်းပယ်မှုကာ တည်ကြည်တာကြောင့် ကိုမောင် အလျှော့ပေးလိုက်သည်။ ထိုစကားလုံးက ယောက်ျားတစ်ယောက်ပင်ဖြစ်သည့် သက်ထား သိက္ခာကိုထိခိုက်သွားမည်လား ဟု ယခုအခါ ပြန်လည်တွေးတောရင်း စိုးရိမ်မိသွားသည်။

သကျထားThetthtar(Complete)Where stories live. Discover now