Part 16♥

1.6K 147 14
                                    

မနက်ပိုင်းရောက်တဲ့အခါ တင်မြင့် က ခံဝန်လက်မှတ်ထိုးပေးပြီး ကိုမောင့် ကိုပြန်လာခေါ်သည်။ တင်မြင့် နောက်မှာရပ်နေတဲ့ သက်ထား ကိုတွေ့တဲ့အခါ ကိုမောင် အပျော်ကြီးပျော်သွားသည်။

ခံဝန်ထိုးပေးသော်လည်း ရှေ့က ပိတ်နေသည့် တင်မြင့် ကို တွန်းဖယ်လိုက်ပြီး သက်ထား ရဲ့ လက်လေးတွေကို အားရဝမ်းသာ ဆုတ်ကိုင်လိုက်သည်။

"သက်ထား ကိုယ့်ဆီကိုလာတယ်နော်။''

"သက်ထား ကိုမောင့် ကို စိတ်ပူလို့ပါ။''

"သက်ထား ရယ်။''

ကိုမောင် သက်ထား ရဲ့ ပါးပြင် နုနုလေးကိုခပ်ဖွဖွကိုင်လိုက်သည်။ အချိန်ကိုက် နောက်ကနေ တင်မြင့် ရဲ့ခေါင်းဟန့်သံထွက်လာသည်။

"မောင်ဦး ငါမင်းနဲ့ စကားေုပါလို့ရမလား။''

ကိုမောင် က သက်ထား ကို 'ခနနော်' ဟုပြောကာ တင်မြင့်နောက်လိုက်သွားသည်။

"ငါမနေ့ညကအကြောင်းတွေ ကြားပြီးပြီ မောင်ဦး။ မင်း တကယ်ပဲ သက်ထား ကို ချစ်မိနေတာလား။ မင်းအတွက်မင်းရောထည့်စဉ်းစားရဲ့လား။ သက်ထား ကရော ကြည်ဖြူတယ်တဲ့လား။''

"ငာ သက်ထား ကို အဲ့မကောင်းတဲ့ ဘဝကြီးကနေ ကယ်တင်ချင်တယ်။ ငါ့ဘေးမှာထားချင်တယ်။ ငါ သက်ထား ကို မြတ်နိုးတယ်။ တန်ဖိုထား ဂရုစိုက်ပေးချင်တဲ့ တစ်ဦးတည်းသောသူ။''

တင်မြင့် သက်ပြင်းချလိုက်သည်။

"မင်းလည်း ဆယ်ကျော်သက်မှမဟုတ်တော့တာ။ ကိုယ့်ဘာသာ ဆုံးဖြတ်တတ်နေပြီပဲ။ ဒါပေမယ့် မင်း အဖေသိရင်တော့ကွာ။''

"မင်း စေတနာနဲ့ ပြောတယ်ဆိုတာသိပေမယ့်၊ ငါတော့ သူ သက်ထား ကိုလက်ခံပေးမယ် ဆိုတာယုံတယ်။ အချိန်တစ်ခုလောက်အထိ ငါသူ့ကို အသိမပေးချင်သေးဘူး။''

တင်မြင့် က အဖေ့ လူယုံဖြစ်တာကြောင့်၊ ကိုမောင် စကားဖြင့် အရင်စတားဆီးပိတ်ထားလိုက်သည်။ သူငယ်ချင်းဆိုသည့် သံယောဇဉ်ထောင်လျှင် တင်မြင့် ပြောမည်မဟုတ်။ ကိုမောင် ကတော့ ယုံကြည်ချင်မိသည်။

"ကောင်းပြီကွာ။ ငါ့အမှားလည်းပါတယ်ဆိုတော့။''

ရဲစခန်း က ထွက်လာပြီးနောက် ကိုမောင် မနက်စာမစားရသေး။ လမ်းမှာတွေ့သည့် မုန့်ဟင်းခါးဆိုင်တွင် ဝင်ထိုင်စားကြသည်။

သကျထားThetthtar(Complete)Where stories live. Discover now