Extra♥

2.9K 145 37
                                    

ခေတ်ကာလ အချိန်နှစ်ရက်တွေပြောင်းကာ အရာအားလုံးလည်း တဖြည်းဖြည်းစီပြောင်းလဲလို့နေသည်။ ယခင်က ခရေပန်းတွေ ဝေဆာစွာပွင့်နေသည့် ခရေပင်ကြီးနေရာတွင် တိုက်သစ်တစ်လုံးအစားထိုးရောက်လာခဲ့ပြီ။

အတူလျှောက်နေကျ မြေဝါလမ်းလေးမှာလည်း အနက်​ရောင် ကတ္တရာလမ်းမကြီး ဖြစ်လာခဲ့သည်။ အမှတ်တရတွေ အားလုံးနီးပါး ဆွဲယူခံသွားရပြီးနောက် နံရံပေါ်မှ အညိုရောင်သို့ကူးပြောင်းနေပြီဖြစ်တဲ့ စုံတွဲဓာတ်ပုံဟောင်းလေးသာကျန်တော့သည်။

"အဘိုး ဆေးသောက်ကြမယ်လေ။''

မေမီ ဝှီးချဲပေါ်တွင်ထိုင်ကာ ဓာတ်ပုံအားစိုက်ကြည့်နေသည့် ကိုမောင့် ဆီသို့ ဆေးဘူးနှင့် ရေတစ်ခွက်ယူကာ လျှောက်လှမ်းလာသည်။

ယခင်နှစ်များစွာကကဲ့သို့ ကိုမောင့် မျက်နှာမှာ ခန့်ညားမှုများရှိမနေတော့။ လျော့တိလျော့ရွဲအသားအရေနှင့် အရေးအကြောင်းများသာနေရာယူထားသည်။ နက်မှောင်နေသည့်ဆံနွယ်များသည်လည်း ရှာဖွေ၍မရလောက်တော့အောင် ဆံပင်ဖြူများစွာ။

ဝှီးချဲအားအမှီပြုနေပြီဖြစ်သည်မို့ ခြေထောက်များမှာလည်း မသန်မာတော့။ လက်များမှာလည်း အသားတွဲများဖြင့် တုန်ချိလို့နေပြီ။

"ထားငယ် က အဘိုး ကိုသိပ်ချစ်တာ။''

ကိုမောင် လွမ်းလွမ်းဆွေးဆွေးပြောသံကြောင့် မေမီ နံရံပေါ်မှ ဓာတ်ပုံအားလှမ်းကြည့်လိုက်သည်။ ကိုမောင် သူ့အား ခနခန ထားငယ် ဆိုသည့်ကောင်မလေးကို မည်မျှချစ်ကြောင်း ပြောပြလေ့ရှိသော်လည်း မည်သို့ဝေးသွားကြောင်း ပြောပြလေ့မရှိ။

"ဒါ အဘိုးရဲ့ ဇနီးလား။''

ပြောပြလေ့ရှိသည့် အတိတ်ဇာတ်ကြောင်းတွေထဲ ချစ်သူရည်းသားဟုသာ ထင်ရသော်လည်း ဓာတ်ပုံက မင်္ဂလာဆောင်ဓာတ်ပုံနှင့်တူလွန်းနေသည်။

"အဘိုး ရဲ့ ဇနီးလောင်းလေး။''

ကိုမောင် ခပ်ပြုံးပြုံးဖြင့်ပြောသည်။ ဝဲတက်လာသည့် မျက်ရည်စတွေကို အားနည်းနေသည့် ကြွက်သားများက ထိန်းထားနိုင်ခြင်းမရှိတော့ဘဲ၊ ရွဲတွန့်နေပြီဖြစ်သည့် ပါးပြင်ပေါ်စီးကျလာသည်။

သကျထားThetthtar(Complete)Where stories live. Discover now