Part 27♥

1.4K 124 6
                                    

ရုံးအတွင်းတိတ်ဆိတ်လျက် အရင်ရက်တွေတုန်းကလို စကားခပ်တိုးတို့အသံတွေတောင် မကြားရသည်မို့ ကိုမောင် အံ့သြမိသည်။ အဖြေသည်ကား ကိုမောင့် ရုံးခန်းထဲတွင်စောင့်နေသည်။

"မောင်ဦး။''

"အဖေ။''

ဧည့်လက်ခံခုံတွင် ကိုမောင့် အဖေ ဦးတင်မောင်ဦး က ကော်ဖီသောက်ရင်း ထိုင်နေသည်။ ဘေးတွင်ရပ်နေ တင်မြင့် က မျက်နှာမကောင်း။ ကိုမောင် သူ့အဖေ မည်သည့်အတွက်ကြောင့်ရောက်နေမှန်းသိသော်လည်း ထိပ်တိုက်ပြောခြင်းကိုရှောင်လိုက်သည်။

"အဖေ ပြန်ရောက်တာကြာပြီလား။ နေဖို့အခန်းရော စီစဉ်ပြီးပြီလား။''

"မောင်ဦး မင်းဘာလုပ်နေလဲ မင်းကိုယ်မင်းသိရဲ့လား။''

ကိုမောင် ရှောင်လွှဲရန် ကြိုးစားသော်လည်း ဦးတင်မောင်ဦး ကတော့ ထိုကဲ့သိုဟုတ်မနေခဲ့။ ကိုမောင် လည်း ရင်ဆိုင်ရန်သာ ကြိုးစားတော့သည်။

"ကျတော်သိပါတယ်။''

"ဒါဆိုဘာကြောင့်လဲ။ မင်း ဒီလိုလုပ်ရတာလဲ။''

"ကျတော်လုပ်တာ အမှားမဟုတ်ဘူး။ လူတွေကသာ အမှားလို့မြင်နေကြတာ။''

"အဲ့ဒါကို လူတွေကရော ဂရုစိုက်မယ်ထင်လား။ မောင်ဦး ငါ မင်းကို အများကြီးမှန်းထားတာ။ ငါ့သားကို လူတွေ တံတွေးခွက်ထဲ ပက်လက်မမျောစေချင်ဘူး။''

ဦးတင်မောင်ဦး က ထိုင်ရာမှထလာကာ ကိုမောင့် ပခုံးအားကိုင်ရင်း ပြောလိုက်သည်။ သို့သော် ကိုမောင့် မျက်လုံးထဲတွင်မြင်နေရသည့် ပြတ်သားမှုတွေကြောင့် ဦးတင်မောင်ဦး လန့်သွားမိသည်။

"အဖေ ကျတော် သက်ထား ကို နှစ်နှစ်ကာကာချစ်တာပါ။ သူ့အတွက်ဆို ကျတော် ဘာပဲပေးဆပ်ရ၊ ပေးဆပ်ရပါ။ ကျတော့် ဂုဏ်သိက္ခာဆိုရင်တောင် ပေးဆပ်ရဲ....''

ကိုမောင့် စကားမဆုံးခင် လက်သီးခပ်ကြမ်းကြမ်းက ပါးပေါ်ကျရောက်လာသည်။ နာကျင်သော်လည်း သက်ထား တွက်မို့ မည်မျှပင် နာကျင်ရပါစေ။

ကိုမောင့် ဆုံးဖြတ်ချက်မပြင်သေးသည့်ပုံမို့ ဦးတင်မောင်ဦး စိတ်ချဉ်ပေါက်ရသည်။ သူလက်နှင့်ရေးသည့်အရာကို ခြေနှင့်ဖျက်ခံရသည်မျိုး။

သကျထားThetthtar(Complete)Where stories live. Discover now