Part 14♥

1.5K 135 15
                                    

သက်ထား စက်ချုပ်ဆိုင်ကိုမပြန်ဘဲ၊ ယခင်က နွယ်နီ နှင့်အတူနေသည့် တိုက်ခန်းငယ်လေးဆီကိုသာ ပြန်လာခဲ့သည်။ ရင်ထဲခံစားရခက်ပြီး ဝမ်းနည်းလာတာကြောင့် ခေါင်းအုံးပေါ်မျက်နှာအပ်ကာအားရပါးရငိုချနေမိသည်။

ငိုနေရင်းနှင့်ပင် မောပန်းလာကာ တစ်ခနအိပ်ပျော်သွားသည်။ နိုးလာသည့်အချိန်တွင် ၆နာရီကျော်နေပြီဖြစ်သည်။ ပါးပြင်ပော်က မျက်ရည်စီးကြောင့်တွေခြောက်နေကာ မျက်လုံးလေးတွေလဲ ဖောင်းမို့နေသည်။

ရေချိုးခန်းထဲ မျက်နှာသစ် ကိုယ်လက်သန့်ရှင်းရေးလုပ်ပြီး ကြန်ထွက်လာချိန် ဝရံတာမှ ဂစ်တာအသံနဲ့အတူ ကိုမောင့် ရဲ့ အသံချိုချိုပါကြားရသည်။

"မလွန်ဆန်နိုင် နှလုံးသားဖြင့်ရစ်နှောင်တွယ် ပတ်လို့ဖြစ်ထားတော့လည်း အတွေးခက်တယ် သံယောဇဉ်။🎵🎶''

ကိုမောင် သီချင်းဆိုနေသည်ကို သိသော်လည်း၊ သူသာ ဝရံတာစီထွက်ကြည့်မိပါက အခြားသူတွေသတိထားမိသွားမည်ကို စိုးရွံ့မိတာကြောင့် အခန်းအားကာထားသည့် နံရံလေးနောက်တွင်သာ မှီကာနားထောင်မိသည်။

"ကြားလူတွေ ဖြတ်လို့တော့ နောက်မဆုတ်ဘူး စမိတဲ့အချစ်တွေကို ရုတ်သိမ်းဖို့မ​တောင်းဆိုနဲ့ ငါ့အသိထဲ မင်းတစ်ယောက်တည်းငဲ့ညှာမယ် တို့နှစ်ယောက်ရဲ့ နိဗ္ဗာန်လေး ရုတ်သိမ်းဖို့မတောင်းဆိုနဲ့ ငါဘယ်သူမှဂရုမစိုက်နိုင်။''

ကိုမောင့် ရဲ့ သီချင်းသံကြား သက်ထား မျက်ရည်သွင်သွင်စီးကျနေမိသည်။ သူ့လို တန်ဖိုးမရှိသည့်သူကိုများ ဘာကြောင့် တန်ဖိုးထား ချစ်နေရတာလဲ ကိုမောင် ရယ်။

သီချင်းဆုံးသွားသော်လည်း သက်ထား ရဲ့ မျက်နှာအရိပ်အရောင်လေးတောင်မမြင်ရသည်မို့ ကိုမောင် ပတ်ဝန်းကျင်ဆိုသည်ကို ဂရုမစိုက်တော့ဘဲ၊ သက်ထား ကြားနိုင်လောက်မည့် အသံဖြင့် အော်ပြောလိုက်သည်။

"သက်ထား ကိုယ် သက်ထား ကိုချစ်တယ်။ အများကြိးချစ်တယ်။ အသည်းနှလုံးထဲကကိုချစ်တာ။ ကိုယ်တို့ အချစိကြားဘယ်သူဝင်ဖြတ်ဖြတ် ကိုယ်မမှုဘူး။ ပတ်ဝန်းကျင်ဆိုတာကိုလည်း ကိုယ် ဂရုမစိုက်ဘူး။ ကိုယ်က သက်ထား ကို သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ချစ်နေမှာ။''

သကျထားThetthtar(Complete)Where stories live. Discover now