အနောက်တိုင်းဝတ်စုံ နက်ပြာကလေးကိုမှ ဗိုက်နေရာတွင် အနည်းငယ်ပွထားသောကြောင့် လပြည့်ဝန်း နဲ့ ကွက်တိဖြစ်နေလေသည်။
ဇေရဲမာန် လဲ ဆင်တူတစ်စုံထုတ်ဝတ်ကာ
"သိပ်လှလိုက်တဲ့ ကိုယ့်ကလေးလေး"
"ဟိ..."

လပြည့်ဝန်း မှာတော့ မှန်ထဲတွင် ကိုယ့်ကိုယ်ကို ကြည့်ကာ သ‌‌ဘော ကျနေလေရဲ့....
"သွားရအောင် တစ်နေရာဝင်ရဦးမယ်"
"ဟုတ်"

နှစ်ယောက်သား ကားပေါ်တတ်ကာ ဦးတည်ရာတစ်ခုဆီသို့....
"Market တစ်ခုတွင် ကားကိုရပ်ကာ ဇေရဲမာန် ဝင်သွားလေသည်။ လပြည့်ဝန်း ကတော့ ကားပေါ်တွင်သာ ငြိမ်ငြိမ်လေးကျန်ခဲ့လေသည်။

ခဏနေ ဇေရဲမာန် ပြန်ဝင်လာပြီး လက်ထဲက ဘူးတစ်ခုပါ ပါလာလေသည်။ ထို့နောက် ဘူးကိုဖွင့်ကာ ငွေကြိုးလေးတစ်ခုကို ထုတ်ပြီး လပြည့်ဝန်း ခါးကိုပတ်ကာ ဝတ်ပေးလေသည်။

"ဒါက ကိုယ့်ရဲ့ ဗိုက်ထဲက baby လေးရဲ့ ပထမဦးဆုံးပွဲတတ်မို့ baby လေးကို လက်ဆောင်ပေးကာ"
"ဗိုက်ကိုပတ်ကာနေရာယူထားသော ငွေကြိုးလေးကိုကြည့်ရင်း လပြည့်ဝန်း သဘောတွေကျနေလေသည်။

"ဒီက ဗိုက်ဗိုက်ကော ကြိုက်ရဲ့လား"
"ကြိုက်တာပေါ့ ယောက်ျားဝယ်ပေးထားတာပဲ ခစ်.."

"ကိုယ့်ကို ဆွနေတယ်ပေါ့"
"ကဲ...ကဲ ပွဲသွားမယ် နောက်ကျနေဦးမယ်"
စကားလမ်းကြောင်းလွှဲလိုက်သူကြောင့် ဇေရဲမာန် မှာ ကြည့်ရင်း အသည်းတယားယား......
.
.
.
ပွဲထဲရောက်တော့လဲ လပြည့်ဝန်း ကို အံ့သြသလိုပုံစံနဲ့ကြည့်နေကြသည်။
လပြည့်ဝန်း လေးကတော့မမှု ကော့ကော့ ကော့ကော့နှင့် လမ်းလျှောက်နေသေး....

ပွဲရှင်ကိုနှုတ်ဆက်ကာ စီစဥ်ပေးထားသောနေရာတွင်ထိုင်လိုက်ပြီး
"ဗိုက်ဆာနေပြီလား"
"အင်း...ဆာပြီ...."

"ဒါဆိုခဏစောင့် ကိုယ်သွားယူလိုက်ဦးမယ်"
"ဟုတ်ကဲ့"
ဇေရဲမာန် လဲ လပြည့်ဝန်း ခေါင်းလေးကိုပုတ်ကာ ထွက်သွားတော့သည်။ လပြည့်ဝန်း လဲ အရှေ့က ရေခွက်လေးကိုသာသောက်ပြီး စောင့်ကျန်နေခဲ့လေသည်။

ကလေး စားလို့ရတာသာရွေးယူပြီး လိမ္မာ်ရည်ခွက်ကိုင်ကာ ပြန်လာသူ......

Near the love (Complete)Where stories live. Discover now