"မထိုင်တော့ဘူး။ အန်ကယ် ခနပဲစကားပြောမှာ။''

"ဟုတ်ကဲ့ အန်ကယ်။''

"ဒါ မောင်ဦး မင်းကိုဝယ်ပေးထားတာပေါ့။''

သက်ထား ရင်ထဲထိတ်သွားမိသည်။ သေချာကြည့်သည့်အခါ ထို အန်ကယ် ရဲ့ မျက်လုံး နှင့် မျက်နှာကျက ကိုမောင် နှင့်သိပ်ဆင်တူလွန်းနေခဲ့သည်။ ကိုမောင့် အဖေသည်လား။ ကြောက်စိတ်တို့ကြီးစိုးသွားကာ ခွဲခွာချိန်နီးလာပြီဖြစ်ကြောင်း ခံစားမိလာသည်။

"ဟုတ် ဟုတ်ကဲ့ အန်ကယ်။ သက်ထား လတိုင်း အရစ်ကျပြနိဆပ်နေပါတယ်။''

"ဘာလဲ ခန္ဓာကိုယ်နဲ့လား။''

သက်ထား ပြောစရာ စကားပျောက်ရှသွားသလို၊ စိတ်ထဲရှက်ရွံ့ကာ သိမ်ငယ်စိတ်နှင့်အတူ မျက်ရည်စအချို့ ဝေ့ဝဲသွားသည်။

"မ မဟုတ်ပါဘူး။''

သက်ထား ခြေချောင်းလေးတွေကိုသာ စိုက်ကြည့်နေမိသည်။ ခေါင်းထက် သိပ်လေးလွန်းသည့် အလေးတုံးတစ်ခု ပိနေသလို။

"မင်း က မောင်ဦး နဲ့မသင့်တော်ဘူး။ မင်းဘဝ မင်းသိမယ်လို့မျှော်လင့်တယ်။''

ဦးတင်မောင်ဦး က စားပွဲပေါ် ဖိတ်စာတစ်ခု ပစ်တင်ပြီး ထွက်ခွာသွားသည်။ အားတင်းထားသည့် မျက်ရည်စတွေက ခြေဖမိုးလေးပေါ် ကျလာသည်။ ဆက်လက် စီးမကျစေရန် ခေါင်းမော့ကာ မျက်ရည်စတွေကို သိမ်းစေသည်။

ဖိတ်စာလေးပေါ်က ကိုမောင်ဦး နှင့် မခင်မူရာ ဆိုသည့် စာလုံးလေးတွေထင်းနေသည်။ ရက်စွဲသည်ကား ၁၀.၆.၁၉၉၀။
နောက်တစ်ပတ်တွင် ကျရောက်မည့် ကိုမောင့် မွေးနေ့ပင်။

ထိန်းထားသည့် မျက်ရည်စတွေက အဖြူရောင်ဖိတ်စာလေးပေါ် စွန်းထင်းကုန်သည်။ ခွဲရတော့မည်လား။ ခွဲခွာရတော့မည်လား။ အချိန်ခနလေးလောက်ဖြစ်ဖြစ် နေချင်သေးသည်။

ကိုမောင့် ရင်ခွင်ထဲတွင် အချိန်ခနလေးလောက်နေချင်မိသေးသည်။ သူ လောဘသိပ်ကြီးသည်။ လောဘသိပ်ကြီးသွားလွန်းသည်။ ခုနစ်ရက်ဆိုသည့်အချိန်အတွင်း သူ ကိုမောင့် ဆီက ထွက်ခွာသွားရတော့မည်။

ထိုနေရာမှာတင် ရုပ်ကျိုးပြတ်ထိုင်ကျသွားကာ ငိုမိသည်။ မူရာ သူမက သက်ထား ထက်ပိုကောင်းပါသည်။ နှိုင်းယှဉ်၍ မရနိုင်လောက်အောင်ထိပေါ့။

သကျထားThetthtar(Complete)Where stories live. Discover now