မှာထားသည်များကို လာချရင်း ဆိုင်ရှင်အန်တီကြီးက သတိပေးစကားဆိုသည်။ ကိုမောင် နဲ့ သက်ထား လည်းကျေးဇူးတင်ကြောင်းပြောပြီး ခပ်မြန်မြန်လေးစားကြသည်။

ကိုမောင် က ခေါက်ဆွဲကြော်ထဲက အသားတုံးတွေကို သက်ထား ဆီထည့်ပေးသည်။ သက်ထား လည်း ပြန်ထည့်ပေးသည်။ သူတို့စုံတွဲအား ကြည့်နေသည့် ဆိုင်ရှင်အန်တီရဲ့ ကလေးက စိတ်မရှည်သည့် ပုံနှင့် သူ့အမေအားလှမ်းပြောသည်။

"မေမေ စကြော်တည်းက ခေါက်ဆွဲကြော်အတွက်အသားကို ကြာဇံကြော်ထဲထည့်၊ ကြာဇံကြော်အတွက်အသားကို ခေါက်ဆွဲကြော်ထဲ ထည့်ပေးလိုက်ရင်ပြီးရော။ ဒါဆို ဒီကိုကို နဲ့ မမလည်း အသားလဲစားစရာမလိုတော့ဘူးပေါ့။''

အန်တီက ထိုကလေးခေါင်းကိုခေါက်လိုက်ပြီး ခပ်တိုးတိုးအသံနှင့်ပြန်ပြောသည်။

"ောက်ကလေး ဘာမှနားမလည်ဘဲနဲ့။ ဒါကို အချစ်ကြည်စား တယ်လို့ခေါ်တယ်။ သွား သွား ငါရှင်းပြလည်း နင်နားလည်မှာမဟုတ်ဘူး။ ကိုယ့်ဟာကိုယ်သာ သွားကစား။''

အန်တီ့ အသံက ခပ်တိုးတိုးဆိုသော်လည်း သက်ထား နှင့် ကိုမောင် နှစ်ယောက်လုံးကြားရန်လုံလောက်သည်။ သက်ထား က ရှက်သွားပြီး ကိုမောင့် ပန်းကန်ဆီ အသားပြန်ထည့်ပေးသည်ကို ရပ်လိုက်သည်။ ကိုမောင် ကတော့ လုပ်တုန်းလုပ်ဆဲ။

အိမ်ပြန်ရောက်သည့်အချိန်တွင် ည၆နာရီကျော် ၇နာရီထိုးနေပြီဖြစ်သည်။ သက်ထား ယနေ့ ဆိုင်စောစော ပိတ်ရသည်မို့ လက်စမသပ်ရသေးသည့် အထည်တွေများနေသည်။ မနက်စောစောထကာ အလုပ်လုပ်ရမည်မို့ စောစောအိပ်ရန်ပြင်သည်။

တစ်ဖက်လှည့်ကာ မျက်စိမှိတ်ထားသည့် သက်ထား နား ကိုမောင် တိုးကပ်လာကာ၊ နားနှင့်နှုတ်ခမ်းမထိရုံတမယ် စကားပြောလာသည်။

"ထားငယ် အန်တီကြီးပြောတဲ့ ချစ်ကြည်စားတာ လုပ်ကြည့်ကြမလား။''

သက်ထား ရဲ့ နားရွက်ဖျားတွေ နီရဲသွားသလို၊ နှလုံးခုန်နှုန်းလည်း မြန်သွားသည်။ ခါးအား လာရောက်ဖက်တွယ်လာသည့် ကိုမောင့် လက်ကိုဖယ်ထုတ်လိုက်ပြီး ကျိုးကြောင်းဆီလျော်အောင် ပြောရသည်။

သကျထားThetthtar(Complete)Where stories live. Discover now