"ကိုမောင် ဘာတွေ ယတြာချေနေတာလဲ။''

သက်ထား က ခပ်ပြုံးပြုံးလေးမေးလိုက်သည်။

"ကိုယ် တမြန်နေ့က အိမ်မက်တွေမကောင်းဘူး။ ကိုယ့်တပည့်ကို တိုင်ပင်ကြည့်တော့ ဗေဒင်မေးခိုင်းတယ်လေ။ ကိုယ် ဗေဒင်တွေဘာတွေ မယုံပါဘူး။ ဒါမယ့် ဗေဒင်ဆရာကပြောတယ်၊ တနင်္လာကံညံနေတာတဲ့၊ ချစ်ရတဲ့သူနဲ့ခွဲရ တတ်တယ်ဆိုလို့။ ကိုယ် ထားငယ် နဲ့ မဝေးချင်ဘူးကွယ်။''

သက်ထား အား တွဲထားသည့် ကိုမောင့် လက်တွေ ပိုတင်းကြပ်သွားသည်ကို သက်ထား ခံစားမိသည်။ သက်ထား မှာ ထိုသို့အယုံလွယ်နေသည့် ကိုမောင့် ကို ရယ်ချင်ပေမယ့်၊ မရယ်နိုင်။ ကိုမောင် က သူ့ကိုချစ်၍ ထိုသို့ ဗေဒင်ဆရာပြောသမျှလုပ်နေကြောင်း သိတာကြောင့်ပင်။

"ကိုမောင် ရယ်။ ကိုမောင် ဆိုပြတဲ့သီချင်းထဲကလိုပဲလေ။ ဘာကြောင့် ဘေးလူတွေ၊ ကြားလူတွေ နှောက်ယှက်ခံမှာလဲ။ အရေးကြီးဆုံးက သက်ထား တို့ ကိုယ်တိုင်ပဲမလား။''

"ကိုယ် သိပါတယ်လေ။ ဒါမယ့် ကိယ်ြစိုးရိမ်မိတယ်။ ထားငယ် တစ်နေ့ ကိုယ့်ကိုထားသွားရင်....။ တွေးတောင်မတွေးရဲပါဘူး ထားငယ် ရယ်။''

ကိုမောင် သက်ထား ဆီမှ ကတိတစ်ခုကို လိုချင်နေသော်လည်။ သက်ထား မှာ မပေးနိုင်၊ မပေးရဲ သည်မို့ အားနာမိပါလေသည်။ ကိုမောင် ဆိုသည်မှာလည်း သက်ထား မလုပ်ချင်သည့်အရာ၊ မပေးချင်သည့်အရာကို အတင်းအကြပ်တောင်းမည့် လူမျိုးမဟုတ်ပေ။

နှစ်ယောက်သားကြားကလေထုဟာ အတော်အတန်လေး တိတ်ဆိတ်သွားသည်။ ထိုကဲ့သို့ စိမ်းကားမှုမျိုး ကိုမောင် မကြိုက်သည်မို့၊ စကားပြန်စကာ အနေအေးမှုကို ပြန်လည်ဖြိုခွဲလိုက်သည်။

"ထားငယ် ဗိုက်ဆာနေပြီလား။ ကိုယ်တို့ရှေ့ကဆိုင်မှာ ဝင်စားကြမလား။''

ဘူတာအောက်နားက ဆိုင်လေးဖြစ်သည်။ ခုံပုလေးတွေ ခင်းထားသည့်ထဲ ကိုမောင်တို့ ဝင်ထိုင်လိုက်ကြပြီး၊ ခေါက်ဆွဲကြော်တစ်ပွဲနှင့်၊ ကြာဇံကြော်တစ်ပွဲမှာလိုက်သည်။

"ချစ်သူရည်းစား အတွဲတွေထင်ပါရဲ့။ အိမ်ပြန်ရင်ဂရုစိုက်ပြန်ကြနော်။ ညမှောင်နေပြီ။''

သကျထားThetthtar(Complete)Where stories live. Discover now