ခုလဲ လှေကား ကနေ ဆင်းလာတာတောင် သတိလှမ်းပေးသောသူကြောင့် မျက်ဖြူသာလှန်ပြလိုက်လေသည်။

"ဗိုက်တောင်မပူသေးတာကို အစ်မတို့ကလဲ"
"ဘာပဲဖြစ်ဖြစ်ပါ အစ်ကိုလေးရယ်။ ဂရုစိုက်ပါနော်။ ယောက်ျားလေးဆိုတော့ ပိုဆိုးတယ်လေ။"

အိမ်အကူအမတွေကလဲ စေတနာနဲ့ပြောမှန်းသိတာကြောင့် လပြည့်ဝန်း လဲ ခေါင်းငြိမ့်ကာ
"ဟုတ်ပါပြီ...ခုကျွန်တော် ကြေးအိုးသောက်ချင်လို့ သွားဝယ်ပေးပါလား"
"ကြေးအိုးလား အစ်ကိုလေး။ ခဏစောင့်ပေးနော်...."
ဆိုကာ အိမ်နောက်ဖေးထဲ လှစ်ခနဲပြေးသွားတာကြောင့် လပြည့်ဝန်း တောင်ကြောင်သွားလေသည်။

လပြည့်ဝန်း လဲ ဧည့်ခန်းမှာထိုင်ကာ TV ကြည့်ရင်း စောင့်နေလိုက်သည်။ ခဏအကြာ ကြွေဇလုံလေးကိုင်ကာ ပြန်ရောက်လာသော အိမ်အကူကောင်မလေး။

"ကြေးအိုး...အစ်မအပြင်သွားတာလဲမတွေ့ရပါလား။"
"ဟုတ်တယ်အစ်ကိုလေးရဲ့ အစ်ကိုကြီးကမှာထားတာ အိမ်မှာလဲ ချက်တတ်တဲ့သူရှိတယ်လေ။ အစ်ကိုကြီးက အပြင်စာတွေကို သိပ်စိတ်မချလို့တဲ့"

လပြည့်ဝန်း စိတ်ထဲမှာတော့ ကဲကဲသဲသဲဖြစ်နေသော ကိုကို့ကြောင့် ရယ်ရခတ်ငိုရခတ်ပင်။

ကြေးအိုးကလဲ အပူကြီးမဟုတ်ပဲ နွေးနွေးလေးကြောင့် စားရတာလဲ အဆင်ပြေနေလေသည်။ စားသောက်ပြီးလို့ ခြံထဲဆင်းပြီး လမ်းလျှောက်နေလဲ အနောက်က ကောင်မလေးက လိုက်လာနေတုန်း....

ဒန်းပေါ်ထိုင်လိုက်ကာ
"နာမည်က"
"မိသဲ ပါ။"

"ကျွန်တော့်ကိုအစ်ကိုလေးလို့မခေါ်ပါနဲ့လား။ ကြည့်ရတာ ရွယ်တူလောက်ပဲမို့ လပြည့် လို့ပဲခေါ်ပေါ့"
လပြည့်ဝန်း က ခွင့်ပြုသော်လဲ မိသဲမှာ မဝံ့မရဲပုံပေါက်နေသောကြောင့် လပြည့်ဝန်း ကထက်ပြီး
"ကိုကို့ကိုမကြောက်ပါနဲ့ ကျွန်တော် ပြောလိုက်မယ်လေနော်"
"ဟုတ်...ဟုတ်ကဲ့ လ..လပြည့်။ မဟုတ်သေးပါဘူး...ကိုလပြည့် လို့တော့ ခေါ်ပါရစေနော်..."

သွက်သွက်လက်လက် ရှိလှသော မိသဲ ကြောင့် လပြည့်ဝန်း လဲ ရယ်ကာ
"သဘောဗျာ....ဟော...ကိုကိုပြန်လာပြီ...."

Near the love (Complete)Where stories live. Discover now