နံနံပင် မထည်းဘူးပြောနေလျက်နှင့် ပါလာသည့် နံနံပင် တွေကြောင့် သက်ထား နှုတ်ခမ်းလေးဆူသွားသည်။ ကိုမောင် က ထိုလျှပ်တပြတ်အမူအရာလေးကို ဖမ်းမိသွားပြီး နှလုံးသားထဲ ပန်းတွေပွင့်လန်းသွားသလို။

သက်ထား ပန်းကန်ထဲက နံနံပင်တွေ ကူဖယ်ပေးပြီး သူ့ပန်းကန်ထဲပြောင်းထည့်လိုက်သည်။

"သက်ထား နံနံပင် မကြိုက်ဘူးလား။''

"ပင်စိမ်း နံနံပင် ပူတီနာ ဂျင်း တစ်ခုမှ သက်ထား မကြိုက်ဘူး။''

တစ်ခုချင်းစီ လက်လေးတွေချိုးရင်း ရွတ်ပြတဲ့ သက်ထား က ချစ်ဖို့ကောင်းနေပြန်သည်။ မုန့်ဟင်းခါးစားနေရင်း ပန်းကန်ထဲ ဟိုလှန်ဒီလှန်ရှာပြန်သည်။

"သက်ထား ဘာရှာနေတာလဲ။''

"ကြက်သွန်ဥ။ သက်ထား မှာ ကြက်သွန်ဥ လည်းမပါဘူး။''

ကိုမောင် သူ့ထဲက ကြက်သွန်ဥ ကို သက်ထား ပန်းကန်ထဲလွှဲပြောင်းပေးလိုက်သည်။ ငရုတ်သီးခပ်များများနဲ့ သက်ထား ဟင်းရည်တွေက အနီရောင်သို့ကူးပြောင်းနေသည်။

အရမ်းကြီး စပ်ပုံမပြပေမယ့် သက်ထား နဲ့ ပတ်သက်လာရင် အသေးစိတ်ကအစ ဂရုစိုက်တတ်တဲ့ ကိုမောင် က နဖူးတစ်လျှောက်က ချွေးစလေးတွေကိုမြင်သွားသည်။

သက်ထား ရှေ့တိုးကပ်လိုက်ကာ တစ်ရှူးစနဲ့အတူ ချွေးစတွေသုတ်ပေးလိုက်သည်။ အမြင်အာရုံကိုောအက်အနည်းငယ်ချလိုက်တဲ့အခါ သက်ထား ရဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေနှင့်ဆုံမိသွားသည်။

ထိုမှတစ်ဆင့် အစပ်ကြောင့် နီရဲကာ ခပ်ဖောင်းဖောင်းလေး ဖြစ်နေတဲ့ နှုတ်ခမ်းပါးတွေအပေါ်အကြည့်ရောက်သွားသည်။ ခေါင်းထဲရုတ်တရက်ဝင်လာသည့် အတွေးက...

"ဒီအချိန်မှာ နမ်းလိုက်ရင် ခပ်စပ်စပ် အရသာလေးဖြစ်နေမှာ'' ဟူ၍။

အကောင်အထည်ဖော်ချင်မိတဲ့ အတွေးစိတ်တို့က သက်ထား ရဲ့ ကိုမောင် ဆိုသည့် ခေါ်သံလေးတွင် အသိပြန်ကပ်သွားသည်။

"ကိုမောင်။ ဟင်းရည်တွေ ပွကုန်ပြီ။''

အချုပ်ခန်းကယခုမှ လွတ်လာသည့် ကိုမောင် မှာ ပိုက်ဆံအိတ် ပါမလာ။ ပိုက်ဆံရှင်းပေးသည့် သက်ထား အပေါ် အားနာမိသည်။

သကျထားThetthtar(Complete)Donde viven las historias. Descúbrelo ahora