လူသတ်ဂိမ်း (၁)

Bắt đầu từ đầu
                                    

ကံကောင်းစွာပင်၊ ကြမ်းခင်းက ကော်ဇောခင်းထားခဲ့သည်။

ရှောင်ချန်း ကထိုအကြောင်းအား သူ့ခေါင်းထဲ တွေးလိုက်မိသည်။

ရှောင်ချန်း ကသူ့လက်တွေနဲ့ တံခါးအားပွင့်သွားဖို့ ကြိုးစားဖွင့်လိုက်သည်။

ဒါက အလုပ်မဖြစ်ပေ။ သူ့အားက အရမ်းနည်းနေလို့လား?

ရှောင်ချန်း ကအားအပြည့်နဲ့ ထပ်တွန်းလိုက်သည်။

“တစ်ယောက်ယောက်ရှိလား? တစ်ယောက်ယောက်ရှိလား?” အမျိုးသမီးက ဆက်အော်နေပေမဲ့ ထိုလူက အဝေးကို သွားနေသလိုမျိုး အသံက တဖြည်းဖြည်းနဲ့ ပိုဝေးသွားခဲ့သည်။

ထိုလူက အဝေးရောက်တော့မှာကို သိလိုက်ပြီး ရှောင်ချန်း ကနီရဲနေသည့် မျက်လုံးတွေနဲ့ ချက်ချင်း ထ,အော်လိုက်သည်။ “ကျွန်တော်ရှိတယ်! လူရှိတယ်!”

အော်နေစဉ် သူ့လက်တွေကလည်း တံခါးကို ထုနေခဲ့သည်။

သူအရမ်း စိတ်ဓာတ်ကျနေတာကြောင့် သတိလက်လွတ် မျက်ရည်တွေလည်း ကျလာခဲ့သည်။

ဒါက ပုံရိပ်ယောင်လားဆိုတာ သူမသေချာပေမဲ့ ယောင်္ကျားတစ်ယောက်ရဲ့ သက်ပြင်းချသံကို ရှောင်ချန်း ကြားလိုက်ရသည်။ အသံက နူးညံ့နေပြီး အကူအညီမဲ့နေပုံဖြစ်ကာ တစ်စုံတစ်ခုကို တုန်နေအောင်ချစ်သည့် အသံမျိုးဖြစ်နေသည်။

နောက်စက္ကန့်တွင် တံခါးက အလိုလိုပွင့်သွားခဲ့သည်။

ရှောင်ချန်း ကစိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်ပြီး သူ့မျက်ရည်တွေကလည်း ရပ်သွားပေမဲ့ သူက အရမ်းချစ်ဖို့ကောင်းနေသည်။

အမျိုးသမီးက သူ့အော်သံကို ကြားလိုက်သည်။ ရှောင်ချန်း ကတံခါးတွန်းဖွင့်လိုက်ပြီးနောက် သူ့ဘက်ခြမ်းသို့ ဝေဝါးနေသည့် ခြေသံနှစ်ခုက တဖြည်းဖြည်း ချည်းကပ်လာတာကို ကြားလိုက်ရသည်။

ရှောင်ချန်း ကတံတွေးမျိုချလိုက်ပြီး ကြောက်လန့်မှုတချို့ဖြင့် ဖယောင်းတိုင်ကို ကိုင်ထားခဲ့ကာ တခြားလက်ကတော့ တံခါးအား ကိုင်ထားခဲ့သည်။

အလင်းရောင်ကြောင့် ခြေလှမ်းတွေက သူ့ဘက်ဆီသို့ အလျင်အမြန် ရွေ့လျားလာခဲ့သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Nơi câu chuyện tồn tại. Hãy khám phá bây giờ