"အရင်အခန်းပဲနော်။''

ကိုမောင် အားကြိုးမာန်တက်နဲ့ သက်ထား အခန်းဆီရောက်လာခဲ့သည်။ တံခါးဖွင့်ဝင်ကာ သက်ထား နမည်ခေါ်လိုက်ပေမယ့် တုံ့ပြန်သံမကြားတာကြောင့် အခန်းထဲဝင်လာခဲ့သည်။

တုံ့ပြန်သံမကြားခြင်းက သက်ထား ပြင်ဆင်ထားတဲ့မွေ့ရာပေါ် အိပ်ပျော်နေခြင်းကြောင့်ဖြစ်သည်။ ကိုမောင် ခုံပေါ်ထိုင်ကာ အိပ်ပျော်နေတဲ့ သက်ထား ရဲ့မျက်နှာနုနုလေးကို တစိမ့်စိမ့်ကြည့်နေမိသည်။

တန်ဖိုးမထားတဲ့သူတွေက ခြွေယူရက်ပေမယ့် တန်ဖိုးထားတဲ့သူ့အဖို့ ထိကိုင်ဖို့တောင်မဝံ့ရဲပါပေ။

သက်ထား ရဲ့မျက်လွှာလေး ပွင့်ဟလာပြီး သူ့ကိုစိုက်ကြည့်နေတဲ့ ကိုမောင့် ရဲ့အကြင်နာမျက်ဝန်းတွေနဲ့ တွေ့ဆုံလိုက်ရတဲ့အခါ ရင်အစုံ လှိုက်ဖိုခုန်လာသည်။

ကပိုကရိုဖြစ်နေတဲ့ အင်္ကျီနဲ့ဆံပင်ကို အလျင်အမြန်ပြင်လိုက်သည်။ အတည်ငြိမ်ဆုံးဖြစ်အောင် ပြန်ထိန်းရင်း စကားစလိုက်သည်။

"ကိုမောင် ဘယ်လိုရောက်လာတာလဲ။''

"ကိုယ် ဒီတိုင်း တံခါးဖွင့်ဝင်လာတာလေ။''

"ဟင်....''

"စတာပါ သက်ထား ရယ်။ ကိုယ် သက်ထား ကိုတွေ့ချင်လို့လာတာ။''

ယခုလို မတည်မငြိမ်စိတ်လှုပ်ရှားနေမိတဲ့သူက သူမဟုတ်တော့သလိုပင် သက်ထား ခံစားနေမိသည်။ ကိုမောင့် ရဲ့ သူ့ကိုတွေ့ချင်လို့လာသည် ဆိုသည့်စကားက နားထဲတဝဲလည်လည်ဖြစ်နေသည်။

"ဒီနေ့ မနက် သက်ထား ခရေပန်းလာမကောက်ဘူးနော်။''

"ဟုတ်။ သက်ထား။ သက်ထား ခေါင်းကိုက်နေလို့ပါ။''

သက်ထား မလိမ်ချင်ပေမယ့်၊ အကြောင်းမဲ့သပ်သပ် ကိုမောင့် ကိုမတွေ့ချင်လို့မလာသည်ဟုလည်း ရက်စက်စွာ ပြောမထွက်။

"ဟုတ်လား။ နေကောင်းရဲ့လား သက်ထား။ ဆေးတွေဘာတွေရော သောက်ထားသေးရဲ့လား။ ဆရာဝန်ခေါ်ပြရင်ပိုကောင်းမယ်ထင်တယ်။''

"မဟုတ်တာ ကိုမောင် ရဲ့။ သက်ထား သက်သာသွားပါပြီ။''

ကိုမောင် က ရင်ဘတ်ကိုပုတ်ကာ သက်ပြင်းချရင်း ''တော်ပါသေးတယ်" ဟုပြောလေသည်။

သကျထားThetthtar(Complete)Where stories live. Discover now