အခန်း (၅၇)

1.6K 206 15
                                    

မနက်စောစောရောက်တော့ အဖွားက သူတို့နှစ်ယောက်အား မနက်စာစားကြဖို့ လာခေါ်တဲ့အခါ နှစ်ယောက်သား ကြမ်းပြင်ပေါ်မှာ အိပ်ပျော်နေတာကို သူမ တွေ့လိုက်ရတော့သည်။

"ဒါက ဘာဖြစ်ကြတာလဲ?"

ရှောင်းမီ မနေ့ညက အရမ်းကိုမှ ခြေကုန်လက်ပန်းကျသွားတဲ့အတွက် သူ့ခမျာ အ၀တ်များပင် ပြန်မ၀တ်နိုင်ရှာပေ။ ရှောင်းမီ သူ့အနောက်ကို လှည့်ကြည့်လိုက်တော့ ယန်ယန်ဆိုတဲ့အကောင်စုတ်မှာ ဘယ်တုန်းကတည်းက အ၀တ်တွေ ပြန်၀တ်ထားလဲမသိချေ။

ရှောင်းမီ မိမွေးတိုင်းဖမွေးတိုင်းဖြစ်နေတဲ့ကိုယ်ပေါ် စောင်နဲ့ တင်းတင်းကြပ်ကြပ် ပတ်ထားလိုက်ကာ "အဖွား! အဖွားကုတင်ကလည်းနော်၊ သား အိပ်ရင်း ဟိုဘက်ဒီဘက် တစ်ချက်လေးလှည့်လိုက်တာနဲ့ကို ကျိုးကျသွားပါရောလား၊ သားမှာ ခါးရိုးတောင် ကျိုးတော့မလို့!"

ရှောင်းမီ ပြောလိုက်ပြီးပြီးချင်းမှာပဲ နောင်တရသွားခဲ့ရတော့၏။ အဖွားက စိုးရိမ်တကြီးနဲ့ သူ့ဆီ လျှောက်လာပြီး

"မှန်းစမ်း၊ ကြည့်ရအောင်၊ မြေး ခါးတွေ ရောင်နေလားဆိုတာ အဖွားကို ပြစမ်းပါအုံး"

"အဖွား! မလာနဲ့! အနားမလာနဲ့နော်!" ရှောင်းမီ သူ့အဖွားကို လက်တကာကာနဲ့ တားတော့သည်။

"ဘာဖြစ်လို့တုံး?"

ယန်ယန်ဆီသို့ ရှောင်းမီ ငိုချတော့မတတ် မျက်နှာပေးနဲ့ ကြည့်လာကာ စစ်ကူတောင်းတော့၏။ သို့ပေမဲ့လည်း ယန်ယန်က သူ့အကြည့်တွေကို မမြင်ချင်ယောင်ဆောင်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ! ယန်ယန် အဖွားဆီ လှည့်ကြည့်ကာ မေးလာ၏။

"အဖွား၊ ကျွန်တော် မျက်နှာ ဘယ်မှာ သစ်ရမလဲ?"

"ဟိုးမှာ၊ အဖွားရေပူတည်ပေးထားပြီးပြီ"

"ကျေးဇူးပါပဲ၊ အဖွား"

သူ ထရပ်ပြီး ရှောင်းမီ ခြုံထားတဲ့ စောင်ကို တမင်တကာ ဆွဲချလိုက်သည်။ ရှောင်းမီရဲ့ကိုယ်အပေါ်ပိုင်းမှာ အကာအကွယ်မဲ့သွားရချေတော့၏။ ရှောင်းမီမှာ အဖွား သူ့ဘေးတွင် ရှိနေနေ၊ မနေနေကိုပင် ဂရုစိုက်မနေတော့ဘဲ ယန်ယန်ကျောဘက်မှနေ လက်ညှိုးတငေါက်ငေါက်ထိုးကာ ဆူပူကြိမ်းမောင်းတော့သည်။

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now