အခန်း (၂၅)

1.5K 187 16
                                    

"အိုး၊ မဟုတ်တော့ဘူး၊ မကောင်းတော့ဘူး၊ လေထုထဲ မကောင်းတဲ့အငွေ့အသက်တွေ..."

စာကျက်ဖို့ အတင်းဖိအားပေးခံထားရတဲ့ ရှောင်းမီတစ်ယောက် ယန်ယန်ရဲ့စာကြည့်ခန်းထဲ စာလေ့လာနေရင်း ရုတ်တရက် စကားထဆိုလိုက်ခြင်းပင်။ သူ စကားတောင် ဆုံးအောင် မပြောရသေး၊ လုယီယီအသံက ကြားဖြတ်၀င်ရောက်လာလေ၏။

"ယန်ယန်! ငါနင့်ကို ပြောပြရအုံးမယ်၊ ငါ့အတွက် တရားမျှတမှုရှာပေးမှ ဖြစ်မှာနော်! အဲ့မကောင်းတဲ့ကောင် ရှောင်းမီပေါ့၊ ငါရေချိုးနေတုန်းက လာခိုးကြည့်တာလေ! အဲ့တုန်းက ငါဟိုဟာလေးပဲ ၀တ်ထား..."

ရှောင်းမီအလင်းအလျင်နဲ့ ဧည့်ခန်းဆီ တစ်ဟုန်ထိုးပြေးထွက်လာပြီး ဆိုဖာပေါ်ထိုင်နေတဲ့ လုယီယီဆီ လက်ညှိုးတစ်ထိုးထိုးဖြင့်

"လိမ်တာ! ဒါအကုန်အလိမ်တွေကြီး! ခုနက လေထဲ မကောင်းတဲ့အငွေ့အသက်တွေ ရနေတာ အံ့ဩစရာမရှိတော့ပါဘူး၊ လက်စသတ်တော့ နင်ရောက်လာလို့လေ၊ ယန်ယန်! မင်းငါ့ကို ယုံရမယ်နော်!"

"ဒါဆို ငါမှားပြောတယ်လို့ ပြောချင်တာလား? နင်ငါ့ရဲ့သွယ်လျလှပတဲ့ခန္တာကိုယ်လေးကို မမြင်မိလိုက်ပါဘူးလို့ ပြောရဲလားဟမ်?" လုယီယီက ရှက်ရွံ့မှုတစိုးတစိမှမရှိ၊ တန်ပြန် မေးခွန်းထုတ်လိုက်သည်။

"မကောင်းဆိုးဝါးမ! ဘီလူးမ! သူမ အနား လုံး၀သွားမကပ်နဲ့! ငါအရင်က သူ့ကိုယ်ကို မတော်တဆမြင်မိသွားတာ နောက်တော့ ငါ စာမေးပွဲကျသွားတာပဲ! ငါအကြံပေးတာကို နားထောင်...လုံး၀ မကပ်နဲ့!!!"

ယန်ယန် ဟွန်းခနဲ နှာမှုတ်လိုက်ကာ "ဒါဆို အဓိပ္ပာယ်က  မင်း သူမ ကိုယ်ကို မြင်ဖူးခဲ့ပြီးပြီပေါ့? မင်းက ဒီလိုမကောင်းတဲ့အကျင့် ရှိလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး၊ နှာဘူးကောင်!"

"ဒါတကယ်ကြီး မတော်တဆဖြစ်တာပါဆိုနေ!" ရှောင်းမီနှုတ်ခမ်းစူလိုက်၏ "ငါမင်းရေချိုးတုန်းကလောက်ပဲ ချောင်းကြည့်ဖူးတာပါနော်"

ရှောင်းမီရှေ့ လုယီယီထရပ်လိုက်ပြီး "နင်ဘာတွေ့ခဲ့လဲ? လာ အစ်မကို ပြောပြ"

ရှောင်းမီ အမြန် ဘေးဘက်ဆီ ခုန်ထွက်လိုက်ကာ

"ရှူးးးး သွား ဝေးဝေးသွား! နင်ကြီးစိုးတဲ့ခေတ်ကာလက ကုန်သွားတာကြာပြီ!... နင်က ဘာလို့ ဒီရောက်နေရတာလဲ?"

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now