အခန်း (၅၅)

1.4K 194 43
                                    

ဦးလေးတို့အိမ်မှ ပြန်လာကြပြီးတဲ့နောက် စုရှောင်းမီအိမ်မှာ မိသားစုနဲ့အတူ ထမင်းစားနေတုန်း မျက်နှာမှာမူ ခါးတူးနေလျက်။ ရှောင်းမီအမေက သူ့အမူအရာကို မြင်တဲ့အခါ အမေးစကားဆိုလာသည်။

"ရှောင်းမီ၊ သားဘာဖြစ်နေတာလဲ?"

"အမေ၊ သား အမေ့ကို မပြောပြဖူးသေးတာတစ်ခုရှိတယ်၊ တကယ်တော့လေ အမေ ယန်ယန်ကို သိတယ်မလား? သူတို့မိသားစုက ချမ်းသာပေမဲ့လည်း သားတို့လို နွေးနွေးထွေးထွေးကြင်ကြင်နာနာရှိတဲ့ မိသားစုလိုမျိုးမဟုတ်ဘူး၊ သူ့အမေက သူ့အဖေ နောက်မီးလင်းအချစ်ဇာတ်ခင်းနေတဲ့ကိစ္စလေးတွေကြောင့် နှစ်သစ်ကူးနေ့ကတည်းက နိုင်ငံခြားကို တစ်ယောက်တည်း ထွက်သွားခဲ့တာ၊ ပြီးတော့ သူ့အဖေကလည်း သူ့ကို ပြောလိုက်သေးတယ်၊ ပြန်မလာရင် ပိုတောင် ကောင်းသေးတယ်တဲ့၊ ဘာလို့ဆို သူ့ချစ်သူလေးနဲ့ အချိန်ဖြုန်းချင်တာကြောင့်ကိုး၊ သူ့သားကိုလည်း လျစ်လျူရှုထားလိမ့်မယ်၊ ယန်ယန်ခမျာ ဘယ်လောက်တောင်မှ ၀မ်းနည်းပြီး စိတ်မကောင်းဖြစ်နေရတာလဲဆိုတာ ထုတ်မပြောတတ်ပေမဲ့ သူ တိတ်တိတ်လေး မျက်ရည်တွေ ခိုးခိုးသုတ်နေတဲ့အကြိမ်တွေတိုင်း သားမြင်ဖူးတယ်၊ တကယ်တမ်းကျ သူက အရမ်းသန်မာချင်ယောင်ဆောင်နေတာလေ၊ အခု နှစ်သစ်ကူးအားလပ်ရက်တွေမှာ သူတစ်ယောက်တည်း အိမ်မှာ ကျန်ရစ်ခဲ့ရတာ၊ အဲ့ဒါကြောင့် သူ့ကို သားနဲ့အတူ အဖွားအိမ်လိုက်ပေးဖို့ တောင်းဆိုချင်တာ၊ သားမှာလေ တကယ် သူ အားငယ်နေရှာမှာကို ရင်ထဲ သည်းမခံနိုင်လောက်အောင်ပါပဲ အမေ‌ရယ်"

ရှောင်းမီ ဆက်ပြောလေလေ ပိုပြီး ၀မ်းပန်းတနည်းဖြစ်လာရလေလေ။

ရှောင်းမီအမေမှာလည်း ထပ်တူ စိတ်မကောင်းဖြစ်လာရကာ "ယန်ယန်က ဒီလောက်သနားဖို့ကောင်းတဲ့ကလေးမှန်း အမေ ထင်မထားခဲ့ဘူးကွယ်... သားက ဘာလို့ စောစော မပြောရတာလဲ? နှစ်သစ်ကူးအတွက် အိမ်လာဖို့ ခေါ်လိုက်သင့်တာ"

ရှောင်းမီအဖေကပါ ၀င်ပြောလာသည် "ဒါဆိုလည်း ကျေးလက်မှာရှိတဲ့မင်းအဖွားအိမ်ကို အတူသွားချင်လားလို့ မင်း မေးလိုက်လေ၊ အင်း... ရှောင်းမီ၊ မင်း သူ့ကို ကောင်းကောင်းဆက်ဆံပေးရမယ်နော်"

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now