အခန်း (၂၃)

1.6K 188 15
                                    

ဇွန်လဆန်းပိုင်း ရက်အနည်းငယ်ကုန်လွန်လာပြီးနောက် တစ်ညတွင် အဆောင်ခန်းထဲ၌ ရှောင်းမီအိပ်ပျော်နေရာမှ သူ့ခေါင်းအုံးအောက်က ဖုန်းတုန်ခါမြည်လာသံကြောင့် နိုးသွားရသည်။ အစကတော့ သူ ဖုန်းခေါ်လာတဲ့လူ ဘယ်သူဖြစ်ဖြစ် ကောလွှတ်ပစ်မယ်လို့ လုပ်ထားပေမယ့်လည်း ဖုန်းခေါ်ဆိုသူမြင်ရတာနဲ့ချက်ချင်း သူ့အသံလေးမှာ ပျားရည်ကို သကာဆမ်းထားသလို ချိုမြသွားရကာ

"ဟယ်လို?"

"ငါဘယ်မှာလဲဆိုတာ မှန်းကြည့်"

ယန်ယန်က တစ်ဖက်မှ နူးနူးညံ့ညံ့လေး စကားဆိုလာလေ၏။ ပုံမှန်အချစ်ဒရမ်မာကားတွေထဲမှာလို ကြားနေရကျ စကားလုံးများကြောင့် ရှောင်းမီ စောင်ခြုံထားရာမှ ဖယ်ထုတ်လိုက်ကာ ရှပ်အင်္ကျီတစ်ထည် ကောက်စွပ်လိုက်ပြီး အခန်းပြင်သို့ အပြေးအလွှား ထွက်သွားတော့လေ၏။

တံခါးဖွင့်လိုက်တဲ့အခါ ယန်ယန်က နံရံပေါ်မှီထားလျက် သူ့အား ပြုံးကြည့်နေသည်ကို တွေ့လိုက်ရသည်။ လူသွားစင်္ကြံပေါ်မှလာတဲ့ အလင်းရောင်ခပ်သဲ့သဲ့က ယန်ယန်ရဲ့မျက်နှာပေါ် ဖြာကျကာ တောက်‌ပနေလျက်။ ထိုမြင်ကွင်းကြောင့် ရှောင်းမီအရမ်းကိုမှ အပျော်ကြီးပျော်‌လာရတော့ကာ စကားတောင်ပြောမထွက်တော့ချေ။

"မင်း... မင်းဒီမှာ... ဘယ်လိုဖြစ်ပြီး... ရောက်နေ... ဘာလို့လဲ?" ရှောင်းမီအပျော်လွန်ကာ စိတ်လှုပ်ရှားစွာဖြင့် ဗလုံးဗထွေးပြောလာလေ၏။

"မင်းကို တစ်နေရာခေါ်သွားပေးမလို့"

"နောက်ကျနေပြီဟာ?"

ရှောင်းမီမလိုက်ချင်သလို တွန့်ဆုတ်တွန့်ဆုတ်နဲ့ အိုင်တင်ခံလိုက်သေးသည်။ ယန်ယန်က သူ့လက်ကို ဆွဲကိုင်လိုက်ပြီး လှေကားထစ်များပေါ်မှ ဦးဆောင်ဆင်းသွားလိုက်၏။ အမှန်တကယ်တော့ ရှောင်းမီမှာ မေးစရာတွေ အများကြီးရှိနေပေမယ့်လည်း ကြည့်ရတာ ယန်ယန်ဒီနေ့ည ထူးခြားနေသလိုလို။ ထိုအတွေးကြောင့် ရှောင်းမီ သူ့စိတ်ထဲ ဗလာသက်သက်ပင်။ သူအခု လုပ်နိုင်တာကတော့ ယန်ယန်ဆွဲခေါ်လာရာနောက် ငြိမ်ငြိမ်သက်သက်လေး လိုက်ပါလာပြီး ကားတက်စီးကာ ကားပေါ်မှ ပြန်ဆင်းသည်အထိ။

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now