အခန်း (၁၈)

1.7K 226 16
                                    

Aမြို့မှ ပြန်ရောက်လာကတည်းက ရှောင်းမီရဲ့ရွှေပေါင်လုံးဖက်တွယ်ထားမှုကြီးကို လုယီယီအကဲခတ်ကြည့်လိုက်ပြီး သူမ စိတ်မကျေနပ်နိုင်ပေ။

"ငါနားကို မလည်နိုင်တော့ဘူး၊ ယန်ယန်က နင့်ကို ဘာလို့များ ကြိုက်ရတာလဲ? ငါ အကြောင်းပြချက်သေးသေးလေးတောင်မှ မပေးနိုင်ဘူး!"

အဲဒီနောက်မှာတော့ ရှောင်းမီတစ်ယောက် ကောင်းကောင်း အိပ်မပျော်နိုင်တော့ဘဲ သူကိုယ်တိုင်လည်း အလားတူမေးခွန်းမျိုးကို ကိုယ့်ဘာသာ ဆက်မေးမြန်းနေမိလျက်သား။ ယန်ယန်က ဘာလို့ သူ့ကိုကြိုက်တာလဲ? သူဘာကို သဘောကျခဲ့တာများလဲ?

ပထမဆုံးအကြိမ် သူတို့တွေ့ဆုံကြတုန်းကဆို ယန်ယန်က သူ့ကို သူတောင်းစားတစ်ယောက်လို ပေးကမ်းစွန့်ကြဲခဲ့သည်။ ဒုတိယအကြိမ်မှာ သူ့ရဲ့ကိုးရိုးကားရားနိုင်တဲ့ ခွတီးခွကျအပြုအမူမျိုးနဲ့ အဆင်မပြေဖြစ်ခဲ့ရမှုကို ယန်ယန်မြင်ခဲ့ရပြီး တတိယအကြိမ်မှာတော့ ယန်ယန်က သူ့အဆောင်ခန်းဆီ လှောင်ပြောင်ရယ်မောဖို့ ရောက်လာကာ အဲ့နောက်၊ အဲ့နောက်မှာတော့ ကားထဲမှာ သူတို့လုပ်ခဲ့ကြပေ၏။ ပြီးနောက်မှာတော့ သူတို့ရင်းနှီးလာကာ အတူတကွရှိနေခဲ့ကြသည်အထိ။

စုရှောင်းမီအနေနဲ့ ဒီလို သပွတ်အူလို ရှုပ်ယှက်ခတ်နေတဲ့ ကိစ္စမျိုး တစ်ခါမှ မတွေးဖူးပေ။ အခု ဒီအကြောင်းကို ဆက်စဉ်းစားလေလေ ယန်ယန် သူ့ကို ဘာကြည့််ကြိုက်ရတယ်ဆိုတာ အဖြေရှာမတွေ့နိုင်လေပေ။

ငါ့ကိုတော့ လာမပြောနဲ့နော်! သူတကယ်ကြီး ငါ့ရဲ့နူးနူးညံ့ညံ့ဆံပင်၊ ရုပ်ရည်အနေအထားဒီဇိုင်းကာလာဘာညာ၊ ချိုသာတဲ့အသံလေးနဲ့ မွှေးပျံ့တဲ့ကိုယ်သင်းရနံ့လေးအပေါ်မှာ ကြွေကျမြေခသွားရတယ်လို့လေ!!!

အဆုံးမှာတော့ ရှောင်းမီအိပ်မပျော်နိုင်ဘဲ မျက်ကွင်းညိုမည်းလျက်သားနဲ့ ယန်ယန်အိမ်သို့ ရောက်ရှိသွားပြီး တံခါးခေါက်လိုက်တော့သည်။

လျိုယင်းရှင်းတံခါးလာဖွင့်ပေးလေ၏။ ယန်ယန်အထဲမှာများ ရှိမလားဆိုပြီး ရှောင်းမီ ခေါင်းလေးကို အထဲသို့ ပြူကြည့်လိုက်သည်။

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now