အခန်း (၄၉)

1.3K 189 18
                                    

ခရစ္စမတ်ပွဲ‌တော် နီးကပ်လာလေတော့ စုရှောင်းမီလည်း အလုပ်တွေ စပြီး ရှုပ်တော့သည်။ မီးအိမ်တွေ၊ စက္ကူပန်းများ၊ ခရစ္စမတ်ဖယောင်းတိုင်စတဲ့ပစ္စည်းတွေ အများကြီး၀ယ်ဖို့ သူ အရင်စခန်းချခရီးသွားတုန်းက ရခဲ့တဲ့ပိုက်ဆံတွေကို သုံးလိုက်၏။ သေချာတာပေါ့! ဒါတွေအားလုံး ယန်ယန် မသိစေဖို့ နောက်ကွယ်မှာ ခိုးကြောင်ခိုးဝှက်လုပ်နေတာဖြစ်သည်။ ယန်ယန်ရဲ့ စရိုက်အရဆိုရင် ခရစ္စမတ်လို ပွဲတော်‌တွေမျိုး တကူးတက ကျင်းပပြင်ဆင်နေမှာ မဟုတ်ပါချေ။

ယန်ယန်ဆိုတဲ့လူကြီးမှာ သာမန်လူသားတို့ ကြိုက်နှစ်သက်ကာ ပျော်ပျော်ပါးပါး ကျင်းပကြတဲ့ပွဲများကို ပါ၀င်ဆင်နွှဲလေ့မရှိပါပေ။ ဒါဟာ ရှောင်းမီ အခုချိန်ထိ စောင့်ကြည့်လေ့လာခဲ့တဲ့အရာထဲမှ ကောက်ချက်ချချက်တစ်ချက်ပါပဲ။

ခရစ္စမတ်မတိုင်မီ နှစ်ရက်အလိုတွင် ရှောင်းမီ ပျင်းရိပျင်းတွဲ့နဲ့ တီဗီရီမုကွန်ထရိုးကို ကိုင်ကာ ချန်နယ်များစွာကို တစ်လိုင်းပြီးတစ်လိုင်း ပြောင်းကြည့်နေလျက်။ Nချန်နယ်တွင် အကြိမ်ပေါင်းတစ်သန်းလောက်ထုတ်လွှင့်ပြသနေတာရှိပြီဖြစ်တဲ့ "အနောက်အရပ်သို့ ခရီးသွားခြင်း" ဇာတ်ကားကို တွေ့လိုက်ရတော့ သူ ယန်ယန်ဘက် လှည့်ကာ မေးလိုက်၏။

"ယန်~ မင်းအဲ့ကားထဲမှာ ဘယ်ဇာတ်ကောင်ကို အမုန်းဆုံးလဲ?"

"ဆရာတော်ကြီး"

ရှောင်းမီ ပါးစပ်ဟောင်းလောင်းဖြစ်သွားရကာ "ဘာလို့ရှီးဖော်ကို မုန်းရတာလဲ? သူက ကောင်းတဲ့လူတစ်ယောက်လေ၊ ဖြူစင်ပြီး တရားမျှတတယ်၊ ပြီးတော့ ပညာလည်း တတ်တယ်လေ"

"ပုရွက်ဆိတ်တွေ တက်နင်းလို့မရတာနဲ့၊ မိစ္ဆာဘီလူးတွေကိုလည်း သတ်ခွင့်မပေးရတာနဲ့၊ ပြီးတော့ မိစ္ဆာမလက်ကနေ သွေးဆောင်ဖြားယောင်းတာခံရပြန်တာနဲ့၊ မြင်လိုက်တာနဲ့ စိတ်ရှုပ်စရာ၊ ကြည့်တောင်မကြည့်ချင်ဘူး"

"မဟုတ်တာတွေ! သူ ဘယ်တုန်းက အဲ့လိုဖြစ်လို့လဲ?"

"ငါမြင်တာတော့ သူ့အမူအရာက အဲ့လိုဖြားယောင်းခံရတာ သဘောကျနေတဲ့ပုံပါပဲ" ယန်ယန်က ပခုံးတွန့်လိုက်သည်။

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now