အခန်း (၂၀)

1.8K 218 20
                                    

ကျူ့ကန်း တံခါးကို ဆောင့်ကြီးအောင့်ကြီးဖြင့် ဗုန်းခနဲပိတ်ချလိုက်လေ၏။ ကျန်သုံးယောက်သားမှာ အလန့်တကြားဖြစ်သွားကြကာ သူ့အား စိုက်ကြည့်လာကြလျက်။

"ဘာဖြစ်လာတာလဲဟ?"

လုဖေး သူ့အိပ်ယာပေါ်မှ ထထိုင်လိုက်သည်။

"လာမမေးစမ်းနဲ့! ဒီနေ့က ငါ့အတွက် ကံဆိုးမိုးမှောင်ကျတဲ့နေ့ကွ! ငါ့လို အရပ်၇ပေရှည်တဲ့ ယောင်္ကျား ရင့်မာကြီးတစ်ယောက်ကလေ မင်းတို့ယုံနိုင်ရဲ့လား? အခုလေးတင် ဘတ်စ်ကားပေါ်မှာ ရွံရှာဖို့ကောင်းတဲ့ တိရစ္ဆာန်ကောင်တစ်ကောင်ကြောင့် ဒီနေရာနဲ့ ဟောဒီနေရာတွေ အထိခံရတာကိုလေ! ကြက်သီးထစရာကောင်းလိုက်တာကွာ" ကျူ့ကန်း စိတ်ဆိုးတကြီးဖြင့် တရှုးရှူးတရှဲရှဲဖြစ်နေဆဲ။

ရှောင်းမီစိတ်၀င်တစားဖြင့် "မင်းမှာ ၀မ်းဗိုက်ကြွက်သားဆစ်ပတ်တွေ သိသိသာသာကြီး မြင်သာထင်သာရှိနေ‌တာတောင်မှလေ!"

"ငါဘယ်လိုလုပ်သိမလဲ? ငါသူ့ကို နောက်ကျောခိုင်းထားတာကို၊ အဲ့ကောင်က သူ့လက်ကြီး ဆန့်ထုတ်၊ ငါ့ဖင်လာကိုင်မယ်ဆိုပြီး ဘယ်သူက သိနိုင်မှာလဲလို့! ဒါမဲ့ ငါသူ့ကို အလွယ်လေး မလွှတ်ပေးလိုက်ပါဘူးကွာ...သမ ပစ်ခဲ့လိုက်တယ်လေ!" ကျူ့ကန်း အားရကျေနပ်မှုအပြည့်ဖြင့်။

"ဒါဆိုလည်း ဘာလို့ ဒေါသထွက်နေရသေးတာလဲ မင်းက?" ကျားဟွာကပါ စကားဝိုင်းထဲ ၀င်ပါလာလေ၏။

"ဒီအရူးကောင် ငါ့ဖင် လာကိုင်တဲ့အကြောင်း တွေး‌ရင်းတွေးရင်းနဲ့ကို သေမတတ် စိတ်တိုနေတာကွ!"

ကျူ့ကန်းရဲ့ပခုံးကို ရှောင်းမီပုတ်လိုက်ရင်း စကားဆိုလာလေသည် "ထားလိုက်စမ်းပါကွာ၊ မင်းဖင်က အဲ့လောက်ကြီး ထူးထူးခြားခြား လုပ်ဆောင်ချက်ရှိပြီး အသုံး၀င်နေတာမှ မဟုတ်ပဲ၊ လူ‌တွေ အဲဒါလာထိမိတာနဲ့ မင်းက ဒေါသထွက်ရောလား?"

ထိုစကားများဟာ အခြားလူများအတွက်တော့ ခွက်ထိုးခွက်လန်ရယ်မတတ် ဟာသအဖြစ်သို့ ပြောင်းသွားပေမယ့်လည်း ကျူ့ကန်းမှာမူ စိတ်ဆိုးမာန်ဆိုးဖြင့် ရှောင်းမီကို တွန်းထုတ်လိုက်ကာ "မင်းကိုယ်မင်းလည်း အရမ်းလုံခြုံနေပြီလို့ မထင်လိုက်နဲ့၊ ငါ့ကိုသာကြည့်၊ ငါ့လိုမျိုး ဆစ်ပတ်ကြီးနဲ့တောင်မှ အနှောင့်အယှက်ပေးခံရသေးတယ်၊ မင်းကြည့်စမ်း၊ မင်းလို သေးသေးကွေးကွေးခန္တာကိုယ်နဲ့ဆိုရင်တော့... မင်းလည်း ဘယ်အချိန် အလုပ်ခံရမယ်ဆိုတာ သိနိုင်မလဲလေ"

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now