အခန်း (၄)

2.9K 370 22
                                    

ဒီနေ့က တနင်္ဂနွေနေ့ဖြစ်၏။ စုရှောင်းမီတစ်ယောက် McDonaldမှာ ချန်‌ဟွေးနဲ့အတူ ထိုင်နေစဉ် ပြတင်းပေါက်မှန်အပြင်ဘက်သို့ ငေးကြည့်နေရင်းမှ ယန်ယန်အ‌ကြောင်း ထပ်ပြီး စဉ်းစားနေမိပြန်သည်။ သူ့ကိုယ်သူ တုံးအ မိုက်မဲပြီး ကလေးကလားဆန်တယ်လို့ ဆူပူမာန်မဲလို့ရပြီမလားဟမ်!

"ရှင် ဒါပြီးရင် ဘာလုပ်ချင်လဲဟင်?" ချန်ဟွေးက ရုတ်တရက် စကားစလာ၏။ ရှောင်းမီ ချန်ဟွေးဘက်ဆီ အာရုံပြန်လွဲလိုက်သည်။ ချန်ဟွေးဆိုသူမှာ ချစ်စရာအသွင်ပြင်နှင့် သာမန်ကြည့်ကောင်းတဲ့ မိန်းကလေးတစ်ယောက်အဖြစ်မျှသာ။ လုယီယီက သူ့အတွက် ဒီလို သာမန်မိန်းကလေးတစ်ယောက်ရဖို့ဆိုတာ လုံလောက်တယ်ဆိုတာထက် ပိုတယ်လို့ ပြောခဲ့သည်။ သူမက ပိုချစ်ဖို့ကောင်းတဲ့ကောင်မလေးတစ်ယောက်နဲ့ သူ့ကိုတွဲပေးလို့ရှိရင် လိုက်ဖက်မှာ မဟုတ်ဘူးတဲ့! ထိုလုယီယီရဲ့ပြောစကားများကြောင့် ရှောင်းမီခ‌မျာ စိတ်ထဲကနေသာ ဒေါသထွက်နိုင်တော့၏။ သူ့အသွင်အပြင်က အရမ်းကိုမှချောမောကြည့်ကောင်းခန့်ညားတယ်ဟု သူခံစားရပါတယ်နော်။ သူမက ဘာလို့ ဒီလိုစကားမျိုးလာပြောရတာလဲ ဟမ့်?!

"ပြီးရင် ငါအိမ်တန်းပြန်တော့မှာ" ရှောင်းမီ ပြန်ဖြေလိုက်၏။

"အစောကြီးလား? ဘာလို့ ရုပ်ရှင်တစ်ကားလောက် သွားမကြည့်ရမှာလဲ?"

"အာ...ကောင်းပြီလေ ဘာကားလဲ?" ရှောင်းမီ မေးလိုက်သည်။

ချန်ဟွေးဆီမှ ပြန်ဖြေသံမကြားရပေ။ သူမက ပြတင်းပေါက်အပြင်ဘက်သို့ စူးစိုက်ကြည့်နေ၏။ ရှောင်းမီက ချန်ဟွေးကြည့်နေတဲ့ဘက်ဆီ ဦးတည်လိုက်တဲ့အခါ မိန်းမလှတစ်‌ယောက်နဲ့ ယန်ယန်ကို တွဲတွေ့လိုက်ရလျက်။ ယန်ယန်က McDonaldရှိ နှစ်ယောက်သားဆီသို့ တစ်ချက်အမြန်ကြည့်လိုက်ပြီး လူအုပ်ကြီးထဲတွင် ပျောက်ကွယ်သွားတော့သည်။

ရှောင်းမီလူအုပ်ထဲသို့ ၀င်လိုက်သွားချင်သော်လည်း ကြည့်ရတာ နောက်ကျသွားပုံရ၏။ ရှောင်းမီစဉ်းစားနေမိသည်။ ယန်ယန်နဲ့ အတူရှိနေတဲ့ မိန်းမက ဘယ်သူများလဲ? အရင်က သူတစ်ခါမှ မတွေ့ဖူးဘူး။ သူမက ယန်ယန်ရဲ့ကောင်မလေးများလား?

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now