အခန်း (၁၉)

1.6K 210 15
                                    

အားလပ်ရက်များအပြီး ကျောင်းပြန်စဖွင့်တာ နှစ်ရက်ရှိပြီဖြစ်၏။

စုရှောင်းမီက တတိယနှစ်ရောက်ပြီဖြစ်ပြီး ယန်ယန်က စတုတ္ထနှစ်ပင်။ စုရှောင်းမီ အသက်၂၀ပြည့်တော့မည်ဖြစ်ကာ ယန်ယန်မှာမူ ၁၉နှစ်။

ကျောင်းထွက်ရန်အတွက် စာရွက်စာတမ်းများ ပြင်ဆင်ဖို့ လုပ်နေတဲ့ ယန်ယန်ရဲ့အနောက်မှ ရှောင်းမီတကောက်ကောက် လိုက်နေရင်း

"မင်းဘယ်အချိန်သွားမှာလဲ?"

"စာရွက်စာတမ်းတင်ပြတာပြီးသွားရင် သွားလို့ရပြီ၊ ကုမ္ပဏီက ငါ့ကို တာ၀န်ပေးဖို့ စောင့်နေလို့၊ မင်းက ဘာလို့ ငါ့နောက်လိုက်နေရတာလဲ?"

"မင်းငါ့ကို ရုတ်တရက်ကြီး လိုအပ်လာတဲ့အခါကျရင် ငါ့ရှာမတွေ့မှာ စိတ်ပူလို့ပေါ့"

"ငါက မင်းကို ဘာအကြောင်းကြောင့် ရှာဖို့လိုရမှာလဲ? မင်းမှာ အတန်းမရှိဘူးလား ဟမ်?"

"စောသေးတဲ့ဟာကို"

ရှောင်းမီဟာ ယန်ယန်သွားလေရာနောက် တကောက်ကောက် ပါနေသည့်အမြီးလေးနဲ့ တူပေ၏။ ယန်ယန်ကျောင်းက ထွက်သွားမယ်လို့ ဘယ်သူပြောတာလဲ... ဘာပဲဖြစ်ဖြစ် ပိတ်ရက်တွေတိုင်းမှာ ယန်ယန်ဆီ သွားလည်လို့ရနိုင်သေးတယ်ဆိုပေမယ့်လည်း တူတော့ မတူတော့ဘူးပေါ့လေ။ ယန်ယန်က လူမှုအသိုင်းအဝိုင်းထဲ ၀င်ရောက်သွားပြီဖြစ်ကာ သူက အခုမှ ကျောင်းတက်နေဆဲ။ သူတွေးလေလေ အထီးကျန်ဆန်လာသလို ခံစားရလေလေပင်။ ရှောင်းမီသူ့ရဲ့နေ့ခင်းအိမ်မက် မက်နေတာမှ ပြန်နိုးလာတော့ ယန်ယန်ထိုနေရာမှာ မရှိတော့ချေ။

"သူဘယ်ရောက်သွားပါလိမ့်?"

ယန်ယန်နောက်သို့ တစ်နာရီနဲ့ ဆယ်မိနစ်တိတိကြီးများတောင် လိုက်လာခဲ့ပြီးနောက်မှာ သူ့ကို မျက်ခြေပြတ်သွားခဲ့ရပေ၏။ ရှောင်းမီသူ့ရဲ့နေ့လည်ပိုင်း ပထမအချိန်နဲ့ ဒုတိယအချိန်သင်ခန်းစာများ ပြီးဆုံးတဲ့အချိန်ရောက်တော့ သူ ယန်ယန်ရဲ့စာသင်ခန်းဆီ အမြန်အဆန်ပြေးသွားလိုက်တော့သည်။ ဒါပေမယ့် ယန်ယန်ကို သူ မတွေ့ရပါချေ။ စာသင်ခန်းတံခါးအပေါက်၀နားမှာ လက်သည်းညှပ်နေတဲ့လုယီယီကိုသာ မြင်လိုက်ရလျက်။

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now