အခန်း (၂၄)

1.5K 183 4
                                    

"ဒီတစ်ခေါက် စာသင်နှစ်မှာရော ဘယ်နှဘာသာရှုံးဖို့ ပြင်ထားပြီးပြီလဲ?"

ယန်ယန်က စာအုပ်တစ်အုပ်ကိုင်ထားရင်း ကွန်ပြူတာကြည့်နေတဲ့ ရှောင်းမီဆီ စကားဆိုလိုက်ခြင်းဖြစ်သည်။

"ဘယ်လိုလုပ်ပြီး ဒီလိုပြောရက်နိုင်ရတာလဲဟမ်! ငါကရော ရှုံးချင်တယ်လို့များ မှတ်နေလား? ဆရာမက ငါ့ကိုမှ အအောင်မပေးတဲ့ဟာကို" သူအရမ်းကိုမှ အပြစ်ကင်းသည့်ဟန်ဖြင့် ယန်ယန်ဘက်ဆီ မျက်နှာမူလိုက်လျက်။

"ဒီတစ်ခေါက်သာ စာမေးပွဲထပ်ရှုံးလို့ရှိရင် မင်းအဖေကို ငါပြောပြလိုက်မယ်" ရှောင်းမီကို ယန်ယန် ခြိမ်းခြောက်အကျပ်ကိုင်လိုက်ခြင်းပင်။

"မလုပ်ပါနဲ့... ဒီလို မရက်စက်ရဘူးလေ၊ သူစိမ်းတွေတောင်မှ အချင်းချင်းတွေ့ကြရင် မင်္ဂလာပါဆိုပြီး သုံးကြိမ်သုံးခါထက်မနည်း နှုတ်ခွန်းဆက်သကြသေးတာပဲဥစ္စာ၊ ငါတို့နဲ့ ငါတို့ဆက်ဆံရေးဆို ဘယ်လောက်တောင်မှ အလေးအနက်နဲ့ တည်တံ့ခိုင်မြဲလိုက်လဲ"

ရှောင်းမီရှေ့ကို ငုံ့ကိုင်းချလိုက်ကာ ယန်ယန်ကို မျက်တောင်တစ်ဖျတ်ဖျတ်ခတ်ပြလိုက်သည်။

"ဘာဆက်ဆံရေးလဲ? ငါသိတာတော့ မင်းသာ စာမေးပွဲဆက်ရှုံးနေရင်တော့ ညှင်းပန်းနှိပ်စက်မှုတွေ ဖြစ်လာမလားပဲ"

ရှောင်းမီခမျာ ထိုစကားများကြားရတော့ အကြောက်ကြောက်အလန့်လန့်ဖြင့် ထိုင်ခုံပေါ်မှ ကပျာကယာခုန်ဆင်းကာ အံဆွဲထဲမှာ ဖုန်တက်လုမတတ်ဖြစ်နေတဲ့စာအုပ်ကို ဆွဲယူထုတ်လိုက်ပြီး သူ့ခေါင်းကို စာအုပ်ထဲ နစ်၀င်တော့မတတ် အာရုံစိုက်ထားရင်း စပြီး စာလေ့‌လာတော့သည်။ သို့ပါသော်လည်း စာနဲ့လူ ကြာကြာထိတွေ့လို့မရဖြစ်နေရာ သိပ်မကြာခင်မှာပင် ခေါင်းကိုက်စပြုလာလေ၏။ သူ ယန်ယန်ပေါင်ပေါ် လှဲလျောင်းလိုက်ရင်း

"မင်းထင်လား အဲ့ဒါအလုပ်ဖြစ်လိမ့်မယ်လို့လေ? ငါစာမေးပွဲဖြေနေတုံး မင်းက မင်းရဲ့ ရုပ်ရည်ရူပကာကို အသုံးချပြီး အခန်းရှေ့ကနေ ဖြတ်သွားဖြတ်လာလုပ်ရင်း စာမေးပွဲခန်းစောင့်တဲ့ဆရာကို အာရုံပြောင်းအောင်လုပ်လိုက်ရင် အဲဒါဆို ငါလုပ်လို့ရ..."

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Kde žijí příběhy. Začni objevovat