အခန်း (၄၂)

1.3K 201 18
                                    

စုရှောင်းမီ စာကြည့်ခန်းထဲမှာ စာအုပ်ထိုင်ဖတ်နေတဲ့အချိန် အိမ်အပြင်ဘက်မှ တစ်စုံတစ်ယောက် တံခါးလာခေါက်သံကို ကြားလိုက်ရသည်။ ညဘက် ဒီအချိန်ကြီးကျမှ ဘယ်သူလာတာလဲဆိုတာ စပ်စုချင်သဖြင့် ရှောင်းမီ တံခါးမှ ပြူတစ်ပြူတစ်နဲ့ ထွက်ချောင်းလိုက်ရာ စိတ်ဓာတ်အကြီးအကျယ်ကျဆင်းကာ အီးမှန်ထားတဲ့မျက်နှာဖြစ်နေတဲ့ ယန်ဟွေးကို တွေ့လိုက်ရတော့၏။ ဒီလိုပုံစံမျိုး အရင်က တစ်ခါမှ မမြင်ဖူးသဖြင့် ရှောင်းမီ ပိုပြီး သိချင်လာရကာ စူးစမ်းချင်စိတ်အပြည့်နဲ့ စာကြည့်ခန်းအပြင်သို့ ခုန်ပေါက်ထွက်လာလိုက်သည်။

"ယိုး! ဘာဖြစ်လာတာလဲ? ကမ္ဘာရုပ်အဆိုးဆုံးလူ လုပ်တာခံလိုက်ရလို့လား?" ရှောင်းမီ စိတ်အားထက်သန်စွာ မေးလိုက်၏။

ထိုသို့ပေါက်တတ်ကရစကားများကြောင့် ယန်ယန်နဲ့ ယန်ဟွေးထံမှ ခပ်စူးစူးအကြည့်နှစ်စုံ သူ့ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတော့သည်။ ယန်ဟွေးက ရှောင်းမီပြောစကားကို လျစ်လျူရှုကာ ယန်ယန်ထံသို့ ဆေးလိပ်တစ်လိပ် လှမ်းပေးလာပြီး

"ငါအကူအညီတောင်းစရာတစ်ခုရှိတယ်ကွာ၊ မင်းက အမြဲ ရက်စက်ပြီး အသည်းနှလုံးမရှိတဲ့သူလို့ နာမည်ကြီးတာမို့ ငါ့ကို ဒီတစ်ခါတော့ ကူညီဖြေရှင်းပေးစမ်းပါ"

ယန်ယန် ဆေးလိပ်ကို လက်မခံခဲ့ပေ။ ယန်ဟွေးကို သူသိလာတာ ကြာပြီဖြစ်လို့ ဒီကိစ္စက သေချာပေါက် အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အရာမဟုတ်မှန်း သိထားပြီးသားဖြစ်၏။

"ဘာလဲ? မြန်မြန်ပြော"

"ငါ ကောင်မလေးတစ်ယောက်ကို ကိုယ်ဝန်ရ‌သွားအောင် လုပ်ခဲ့မိတယ်" ယန်ဟွေး မှုန်ကုတ်ကုတ်မျက်နှာဖြင့် ဘ၀င်မကျစွာ ယန်ယန် ငြင်းလိုက်တဲ့ ဆေးလိပ်ကို မီးညှိလိုက်သည်။

"ဒါဖြင့် ငါ့ကို ဘာအတွက် လာရှာရတာလဲ?"

ရှောင်းမီကပါ ထပ်မံပြီး "သူမကို လက်ထပ်လိုက်လေ"

နောက်တစ်ခါထပ်ပြီး မျက်လုံးနှစ်စုံက ရှောင်းမီဘက်ဆီ ခပ်စူးစူး စိုက်ကြည့်လာပြန်၏။ ရှောင်းမီ သူပြောတာ ဘာမှ မမှားဘူးလို့ ခံစားရသဖြင့် နားမလည်နိုင်စွာ ဆက်ပြောလာသည်။

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now