Chapter(84):ငွေချေးခြင်း-1 ငွေချေးခြင်း-1

Start from the beginning
                                    

ရွာလူကြီးက သူ့ကို အပြစ်တင်နေပုံရတဲ့ အေးစက်စက်အကြည့်တစ်ချက် ရှုရန်ကို ပေးလိုက်တယ်။ "မင်းက ဒေသခံ သူဌေးတစ်ယောက်နီးပါး ဖြစ်နေပြီကို။ မင်းက နည်းနည်း ပိုခက်ခက်ခဲခဲနေရမယ်လို့ ပြောနေသေးတုန်းလား? တကယ့် ဆင်းဆင်းရဲရဲနေနေရတဲ့ ရွာထဲက မိသားစုတွေလိုမျိုးဆို ဘယ်လိုလုပ်မလဲ?"

ရှုရန်တစ်ယောက် လယ်ကွက်က ဘယ်လောက်ကုန်ကျလိမ့်မလဲ မသိဘူးလို့ တွေးတောနေရင်း ရွာလူကြီးအိမ်ထဲကနေ ထွက်လာခဲ့ပြီးနောက် အိမ်ကိုပြန်ဖို့ ပြင်လိုက်တယ်။ ရှုရန်တစ်ယောက် ပြန်လာတာကို မြင်လိုက်ရတော့ ရွာလူကြီးတစ်ယောက် သူသူ့ကို တစ်ခုခုမေးမြန်းတော့မယ်လို့ ထင်လိုက်မိတာကြောင့် သူသူ့ကို မျှော်လင့်တကြီးနဲ့ ကြည့်လိုက်မိတယ်။

သို့သော်လည်း ရှုရန်မေးလိုက်တဲ့ မေးခွန်းက ရွာလူကြီးကို အံ့အားသင့်စေခဲ့တယ်။ ရှုရန်မေးလိုက်တာက "ရွာလူကြီး မြေကွက်ရဲ့ဈေးနှုန်းက ဘယ်လောက်ရှိလဲ?" တဲ့။

အဲ့အချိန်ကျမှ ရွာလူကြီးတစ်ယောက် ရှုရန်က လယ်ကွက်တစ်ကွက်ကို ဘယ်လောက်ကျသလဲ ဆိုတာကို မမေးမြန်းရသေးဘူးဆိုတာကို သဘောပေါက်သွားတော့တယ်။ အဲ့ဒါကြောင့် သူရှုရန်ကို နောက်ထပ်အကြည့်တစ်ချက် ပစ်သွင်းလိုက်ပြန်တယ်။ ရှုရန်တစ်ယောက် ဘယ်လိုလုပ်ပြီးတော့ ဒီလောက်တောင် မိုက်မဲရသလဲဆိုတာကို သူသိချင်သွားမိတယ်။ ပုံမှန်ဆို သူ့ကိုကြည့်ရတာ အရမ်းထက်မြက်တဲ့ပုံပါ။ ငွေနဲ့ပတ်သက်လာတဲ့ ကိစ္စတွေမှာဆိုရင် သူက ဘယ်လိုလုပ်ပြီးတော့ အရမ်းတုံးအနေရတာလဲ? Alas!

"အရည်သွေးညံ့ လယ်မြေကွက်တစ်မြူကို ငွေငါးတုံးနဲ့ရောင်းတယ်။ ဒါပေမဲ့ ဒီလယ်ကွက်ကို စွန့်ပစ်ထားတာက အချိန်အကြာကြီး ရှိနေပြီမို့လို့ မနက်ဖြန်ကျရင် မင်းအဲ့မြေကွက်ကို ငွေလေးဆယ့်ငါးပြားနဲ့ ရနိုင်မလားဆိုတာကို ငါမင်းကို ကူစုံစမ်းမေးမြန်းပေးမယ်။ ဒါပေမဲ့ မင်းမျှော်လင့်ချက်တွေတော့ ထားမနေနဲ့။ အဆုံးသတ်မှာတော့ ဒီလယ်ကွက်ကို ရုံးတော်က ပိုင်တယ်လေ။"

ဒီကိစ္စကို စုံစမ်းပေးမယ်လို့ ကမ်းလှမ်းတဲ့ ရွာလူကြီးက အရမ်းသဘောကောင်းပါတယ်။ ရှုရန်ကလည်း ပုံမှန်အတိုင်းပဲ ဘာတစ်ခုကိုမှ မပြောခဲ့ပါဘူး။ သူအိမ်ပြန်ဖို့ကို ဆန္ဒစောနေပြီးတော့ သူဆုံးရှူံးရတော့မဲ့ ငွေတုံးဆယ်ဆအတွက် သူ့ကိုယ်သူ နှစ်သိမ့်ပေးချင်နေမိတာကြောင့် သူအလျင်စလို ထွက်ခွာလာခဲ့တော့တယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now