အခန်း [ ၂၇ ]

1.4K 321 21
                                    

• [Mr.လင်းကအရမ်းနူးညံ့တယ်]

လင်းဟန် ခဏမျှအေးခဲသွားရပြီးနောက် အသာရယ်လိုက်မိသည်။

အလိုလိုက်ခံထားရသည့်မင်းသား၏လက်များနှင့်ယှဉ်ပါက ဟယ့်ယွင်ထင်၏လက်များက အနည်းငယ်ပိုကြမ်းနေသည်မှာအမှန်ပင်။ဤသည်မှာ ပြုပြင်ထိန်းသိမ်းရေးကို သူဂရုမစိုက်သောကြောင့်ဖြစ်နိုင်သလို အချိန်လုံးဝမရှိသောကြောင့်လဲဖြစ်နိုင်သည်။သို့သော်လည်း ဟယ့်ယွင်ထင်၏လက်များတွင် အနည်းဆုံး အသားမာပါးပါးနှစ်ခုလောက်တော့ရှိနေ၏။ လင်းဟန်၏ လက်ညှိုးက ၎င်းတို့ကိုဖိမိသွားသောအခါ အရေပြားပတ်ပတ်လည်ထက် အနည်းငယ်ပိုပြီးမာကြောနေမှုက လက်ချောင်းထိပ်များရှိအာရုံကြောများတစ်လျှောက် ထိတွေ့မိသွားရာ သူ့နှလုံးသားဆီသို့ ထူးဆန်းသည့်ထုံထိုင်းမှိုင်းညို့မှုအနည်းငယ်အား ပို့လွှတ်ပေးလာလေသည်။

သို့သော် သူ့လက်ကနွေးထွေးနေပြီး သူ့စိတ်ဟာသန့်ရှင်းနေပေသည်။

ထို့ကြောင့် လင်းဟန်ဘက်မှ အရင်မလွှတ်ပေးလိုက်ဘဲ သူ့နှုတ်ကိုဖွင့်ကာ ဟယ့်ယွင်ထင်ကိုခေါ်လိုက်၏။

"ဗိုလ်ချုပ်"

တစ်ဖက်လူ၏ နက်ရှိုင်းသည့်အပြာရောင်မျက်ဝန်းများက သူ့မျက်နှာဆီသို့ရွေ့လာသည်။

လင်းဟန် ထိုသူ့အား အမှန်အတိုင်းပြောပြချင်သော်လည်း တစ်ဖက်တွင် သူ့ကိုဟယ့်ယွင်ထင်မယုံမှာကိုကြောက်နေမိပြီး ကျန်တစ်ဖက်၌ သူပြောလိုက်မည်ဆိုလျှင် ထိုသူ့၏အရင်အတွင်းစိတ်ထဲကအတွေးများနှင့် ပေါင်းစပ်လိုက်ပါက ၎င်းမှာ ပိုလို့တောင် ရှက်စရာကောင်းသွားမည်ပင်။

သို့သော် မည်သည့်စိတ်ခံစားချက်များရှိနေသည်ကို အလုပ်မှာ သူမပြောနိုင်သလို သူ့အား ဟယ့်ယွင်ထင် အထင်လွဲသွားမှာကိုလဲမလိုချင်ပေ။

ထို့ကြောင့် လင်းဟန်သည် ဟယ့်ယွင်ထင်၏လက်ပေါ်မှအသားမာများကို သူ့လက်ချောင်းများဖြင့်ဦးစွာထိလိုက်ပြီး အမှတ်တမဲ့ပုံစံဖြင့် မေးကြည့်လိုက်၏။

"ဒါက သေနတ်တွေလေ့ကျင့်ရတာနဲ့ Mecha မောင်းလို့ရလာတာတွေလား"

ဟယ့်ယွင်ထင်၏မျက်ဝန်းများထဲတွင် အလင်းရောင်တစ်ချက် ခဏမျှလက်သွားသည်ကိုသူမြင်လိုက်ရသည်။သူ့မျက်ဝန်းများကိုနှိမ့်ချပြီး "အင်း"ဟုပြောမလာခင်မှာပေါ့။

I Can Read Minds But Will Not Be Marked [ဘာသာပြန်] Where stories live. Discover now