အခန်း [ ၁၅ ]

1.8K 380 19
                                    

ဗိုလ်ချုပ်ကထိုအကြောင်းနှင့်ပတ်သတ်ပြီးဘာမှမသိပါ

လုပ်ကြံသူသည် သူ့၏လက်တစ်ဖက်ကို ဟယ့်ယွင်ထင်က တင်းကြပ်စွာဆုပ်ကိုင်ထားသဖြင့် လှုပ်ရှားလို့မရသော်လည်း သေဖို့အတွက် စိတ်ပိုင်းဖြတ်ထားပြီဖြစ်သဖြင့် စိတ်ဒုက္ခရောက်စေသည့်ပုံစံမျိုးနှင့် လူတိုင်းရှေ့တွင်သူ့ကိုယ်သူ သတ်သေသွားခဲ့သည်။

ဟယ့်ယွင်ထင်သည် ဆုပ်ကိုင်ထားမှုကိုဖြေလျော့ပေးလိုက်သော်လည်း ထိုသူမှာနာကျင်မှုကိုမခံစားနိုင်တော့။ဓားမြှောင်စိုက်ဝင်သွားချိန်တွင် သူ့ထံမှ ထူးဆန်းသည့်အော်ညည်းသံတစ်ခုသာထွက်ပေါ်လာခဲ့ပြီး ထိုသူမှာ အင်အားများကိုဆုံးရှုံးသွားကာ မြေပြင်ပေါ်သို့လဲကျသွားသည်။

ဟယ့်ယွင်ထင်၏ အပြာဖျော့ရောင်အင်္ကျီနှင့် လွန်ခဲ့သည့်မိနစ်အနည်းငယ်ခန့်က လင်းဟန်တက်နင်းမိခဲ့သောစစ်ဖိနပ်များပေါ်တွင် သွေးများလွင့်စင်ကုန်သည်။ဟယ့်ယွင်ထင်မှာ အရပ်ရှည်သည်ဖြစ်ရာ သူ့နောက်ကျောတွင်ရှိသော လင်းဟန်၏အဝတ်အစားများက သန့်ရှင်းသပ်ရပ်နေဆဲသာဖြစ်သည်။

လင်းဟန်သည် မျက်လုံးများကိုဖွင့်လိုက်ပြီး ငြိမ်သက်နေမိသည်။သူ့ခေါင်းကိုလှည့်ကြည့်လိုက်ရာ ဟယ့်ယွင်ထင်က လဲကျသွားသည့်လူအား သူ့ကိုမြင်ခွင့်မပြုဘဲ သူ့(ဟယ့်ယွင်ထင်)ခန္ဓာကိုယ်က သူ့(လင်းဟန်)ရှေ့မှာရှိနေသည်ကိုတွေ့လိုက်ရသည်။လင်းဟန်၏သိလိုစိတ်က အရမ်းပြင်းပြမနေသည့်အပြင် တစ်ဖက်လူ၏ရင်ထဲမှစကားများက သူ့နားထဲတွင်ကျန်ရှိနေဆဲဖြစ်သဖြင့် သူနာခံစွာပဲ မြင်ဖို့အတွက်အားမထုတ်ခဲ့ပေ။

ဒီမြင်ကွင်းကိုမျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသော လူများမှာ သတိတကြီးဖြင့်လာကြည့်ကြပြီး တီးတိုးရေရွတ်သူကရွတ်၊ကြောက်လန့်တကြားအော်ဟစ်သူကအော်ဟစ်ဖြင့် တုန်လှုပ်ကုန်ကြသည်။

"တကယ်ကြီးကို ရဲတင်းတာပဲ!ဒီလိုနေရာမျိုးမှာ လုပ်ကြံဖို့ကြိုးစားတယ်ပေါ့..."

"အဓိကပစ်မှတ်က ဗိုလ်ချုပ်ကိုပဲ၊ သူအောင်မြင်မယ်လို့များထင်နေတာလား?"

I Can Read Minds But Will Not Be Marked [ဘာသာပြန်] Where stories live. Discover now