အခန်း [ ၁၁ ]

2.5K 383 3
                                    

• ဟယ့်ယွင်ထင်ရဲ့စိတ်ထဲမှာသာ အဲ့လိုအတွေးမျိုးတွေမရှိခဲ့ဘူးဆိုရင်ပေါ့

လုအန်းဟယ်သည် ဟယ့်ယွင်ထင်ထွက်လာသည်ကို စောင့်ပြီးသည့်နောက် မမျှော်လင့်စွာပဲ မည်သည့်စကားတစ်ခွန်းမှဆိုမလာခဲ့၊ 'စိတ်စွမ်းအားလုပ်ဆောင်ချက်နှင့်ပတ်သတ်ပြီးပြဿနာရှိမရှိ' ကိုသာမေးလာခဲ့ပြီး ဟယ့်ယွင်ထင်ခေါင်းငြိမ့်ပြလိုက်သည့်အခါ တခြားမေးခွန်းများအား ထပ်မေးမလာတော့ပေ။

Mechaထဲတွင်မူ ဟယ့်ယွင်ထင်၏ဖယ်ရိုမုန်းက အမှန်တကယ်ထိရောက်သောကြောင့် ဖြစ်နိုင်သည်။လင်းဟန်သည် အလုပ်ဆက်လုပ်ဖို့အတွက် မောင်းနှင်သူအခန်းထဲ၌ တစ်ယောက်ထဲကျန်နေဖြစ်ခဲ့၏။

သူ့လက်အိတ်များက စိတ်ဖတ်နိုင်ခြင်းမှ သီးသန့်ခြားနားပေးထားသောကြောင့် ထိုအချိန်တုန်းက ဗိုလ်ချုပ်ဟယ့် ဘာကိုစဉ်းစားနေလဲဆိုသည်ကို လင်းဟန်လဲမတွေးဖြစ်တော့ပေ။သူ့စိတ်တွေ ဖြည်းဖြည်းချင်းငြိမ်သက်သွားစေရန် သူ့ကိုယ်သူ အလုပ်ထဲသို့ ပြန်လည်နှစ်မြှုပ်ထားလိုက်တော့သည်။

စိတ်ဖတ်နိုင်ခြင်းဟာ စွမ်းရည်ကောင်းတစ်ခုမဟုတ် ဟုလင်းဟန်တွေးမိသည်။သူသာ ထိုနေ့ညက လက်အိတ်များကိုမချွတ်ခဲ့ဘဲ ဟယ့်ယွင်ထင်၏စိတ်ကို မကြားခဲ့ပါက ဗိုလ်ချုပ်နှင့်နီးကပ်ဖို့အတွက် သူ ဒီ့ထက်နည်းနည်းပိုပြီး ဆန္ဒရှိနေမိလောက်သည်ပင်။

လင်းဟန်သည် ဆဌမမြောက်အပိုင်းအစကို ဖယ်ရှားနေရင်း အတွေးထဲ၌ မြောနေမိသည်။

သူအလုပ်ရှုပ်လာသောအခါ အချိန်ကုန်လွန်သွားသည်ကိုပင် မသိလိုက်တော့ချေ။ကျန်ရှိနေသည့် တက္ကသိုလ်တစ်ခုလုံးသည် ဗိုလ်ချုပ်လာရောက်မှုအတွက် အံ့ဩနေကြဆဲဖြစ်ပြီး ရှန်ရှိုးနန်ကမူ ပြုပြင်ရေးအခန်းထဲ၌ သူညဉ့်နက်ကာထပ်အိပ်မည်ကိုစိုးရိမ်သဖြင့် သူ့ကိုလာရှာလေ၏။

ရှန်ရှိုးနန်ဝင်လာသောအခါ လင်းဟန်က Mecha၏လုပ်ဆောင်မှုစနစ်များအား ပြန်လည်စိစစ်နေခဲ့သည်။လူအစားထိုးစက်များ၏အလိုအလျောက် ပြင်ဆင်လုပ်ဆောင်နေသည့်အသံများက တဝီဝီမြည်နေကာ လူတို့၏အာရုံစိုက်မှုအားမလိုအပ်ပါဘဲ ဖြည်းဖြည်းချင်းစီပြုပြင်နေလေသည်။

I Can Read Minds But Will Not Be Marked [ဘာသာပြန်] Where stories live. Discover now