အခန်း [ ၂၂ ]

1.4K 343 10
                                    

• ဟယ့်ယွင်ထင်က သူ့လက်ကိုမြှောက်ပြီး လင်းဟန်ကို သူ့လက်မောင်းတွေကြားထဲမှာ တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်တယ်

နောက်တစ်နေ့မနက်တွင် အခြေစိုက်စစ်စခန်း၏ ပထမဆုံးဖုန်းခေါ်ဆိုမှုကြောင့် လင်းဟန်နိုးလာခဲ့သည်။သူ့ကိုစီစဉ်ပေးထားသည့်အခန်းမှာ သီးသန့်တိုက်ခန်းတစ်ခုကဲ့သို့ ဇိမ်ခံပစ္စည်းများဖြင့်တန်ဖိုးကြီးပါသော်လည်း လင်းဟန်သည် အိပ်ရာ‌အပြောင်းအလဲကြောင့် တစ်ညလုံးကောင်းကောင်းအိပ်မပျော်ခဲ့ပေ။နောက်ဆုံးမှာတော့ အိပ်မက်ဆိုးတစ်ခုထဲမှာဖမ်းမိသွားသလိုမျိုး သူအိပ်ပျော်သွားခဲ့သည်။

မနေ့ညကအိပ်မက်မှနိုးထလာချိန်တွင် သူအများကြီးမမှတ်မိနိုင်ပါချေ။တစ်စုံတစ်ခုက သူ့နောက်ကိုအပြင်းအထန်လိုက်နေသည်ကိုသာ သူခံစားခဲ့ရသည်။သူအရှေ့သို့ ပြေးဖို့ကြိုးစားသော်လည်း သူ့၏အားနည်းနေသည့်ရုပ်ပိုင်းဆိုင်ရာခွန်အားကြောင့် သူ့နောက်တွင်ရှိနေသည့် ကြောက်မက်ဖွယ်မကောင်းဆိုးဝါး၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။သူအကူအညီလဲမတောင်းနိုင်ခဲ့ပေ၊ အမှောင်ထုကသူ့ကိုဝါးမြိုသွားသည်ကို ကြည့်နေရုံသာတတ်နိုင်ခဲ့သည်။

လင်းဟန် နဖူးပေါ်သို့သူ့လက်ကိုတင်လိုက်ရင်း မနှစ်မြို့စရာကောင်းသည့်အမည်မသိခံစားချက်ကြီးကို ဖြည်းဖြည်းချင်းမေ့ဖျောက်ပစ်လိုက်သည်။မကျွမ်းဝင်သေးသည့်အခန်းကို သူတစ်ချက်ဝေ့ကြည့်လိုက်သည့်အခါ အခြေစိုက်စခန်းသို့ရောက်ရှိနေသည်ကို သူပြန်သတိရသွားခဲ့၏။

မနေ့ကဘာဖြစ်ခဲ့သည်ကို လင်းဟန် ပြန်တွေးကြည့်မိရာ"ဗိုလ်ချုပ်ရဲ့အထူးသီးသန့်"ကိုချက်ချင်းနီးပါးပင် ပြန်တွေးမိသွားလေသည်။

ဟယ့်ယွင်ထင် သူ...

ဒီအကြောင်းကိုတွေးလိုက်မိသည့်အခါ လင်းဟန်၏မျက်နှာအမူအရာက ထပ်မံ၍ရောထွေးသွားခဲ့ပြီး အိပ်မက်ဆိုးကြောင့်ပင်ပန်းနွမ်းနယ်မှုမှာ လွင့်ပြယ်သွားပါတော့၏။

ဟယ့်ယွင်ထင်ကို မည်သို့အကဲဖြတ်ရမည်ကို သူမသိတော့ပေ။

လင်းဟန်သည် သူ့တွင်စိတ်ဖတ်နိုင်သည့်စွမ်းရည်သာ မရှိခဲ့ပါက တစ်ဖက်လူကိုဘယ်လိုမြင်မလဲဆိုသည်ကိုပင် တွေးကြည့်ခဲ့ဖူးသည်။သို့သော် အချိန်အကြာကြီးသူတွေးခဲ့တာတောင် ရှင်းလင်းသည့်အဖြေကိုမရခဲ့ပါချေ။

I Can Read Minds But Will Not Be Marked [ဘာသာပြန်] Where stories live. Discover now