အခန်း [ ၂၁ ]

1.7K 337 6
                                    

• "ဗိုလ်ချုပ်ရဲ့ အထူးသီးသန့်"

ကံကောင်းစွာပင် လင်းဟန်က လက်အိတ်တွေဝတ်ထားခဲ့သည့်အတွက် ထိုအခိုက်အတန့်မှာ ဟယ့်ယွင်ထင် ဘာတွေတွေးနေလဲဆိုတာ မသိပါချေ။ဟယ့်ယွင်ထင်သည် စကားဆုံးသည်နှင့် အဝေးကိုထပ်ပြီးအကြည့်လွှဲသွားသည်မို့ လင်းဟန်မှာတော့ သူ့ကိုစိတ်ရှုပ်ထွေးစွာကြည့်ရင်း ကျန်နေခဲ့ရသည်။

"အဲ့ဒါက...ပြဿနာတစ်ခုခုရှိလို့လား?"

"မဟုတ်ဘူး" ဟယ့်ယွင်ထင်သည် သူ့သေနတ်ကိုပြန်ချထားလိုက်ပြီး လင်းဟန်ကိုနောက်ကျောပေးကာရပ်လိုက်သည်။

"ဒီတိုင်းအရမ်းယဉ်ကျေးနေဖို့မလိုဘူး"

"ဗိုလ်ချုပ်..." လင်းဟန် တစ်ခုခုပြောချင်သေးသော်လည်း ဟယ့်ယွင်ထင်က အနောက်ကိုပင်ပြန်လှည့်ကြည့်မလာဘဲ ခြေလှမ်းကျဲကြီးများဖြင့် တံခါးနားသို့လျှောက်သွားလေပြီ။

ထို့ကြောင့် သူစကားကိုဆုံးအောင်မပြောလိုက်ရပေ။

အရမ်းယဉ်ကျေးနေဖို့မလိုဘူး... ဒါပေမဲ့ သူတို့က တစ်ယောက်နဲ့တစ်ယောက်‌ ကောင်းကောင်းမသိကြဘူးမဟုတ်လား?သူ ဟယ့်ယွင်ထင်၏နောက်ကျောကို ကြည့်နေရာမှ သူ့လက်ထဲမှသေနတ်ကိုပြန်ကြည့်ရင်းတွေးနေမိသည်။အမှန်က ဒီလိုမေးခွန်းထက်ပိုပြီး သူမေးချင်မိသည်၊ တစ်ဖက်လူ၏ဒဏ်ရာက နည်းနည်းလောက်သက်သာလာပြီလားဆိုသည်ကို သူမေးချင်မိ၏။

အခြေစိုက်စခန်းမှာတောင် သူ့အတွက်သေနတ်ပြင်ပေးဖို့အထိ သတိရှိနေပုံထောက်ရင် အရင်တစ်ခေါက်က တရားခံကိုအခုထိမတွေ့သေးတာများလား?လင်းဟန်သည် ဟယ့်ယွင်ထင်ကို သူ့ကိုယ်ပိုင်အရည်အချင်းကိုပင် ပြောပြချင်သွားရကာ ထိုသူသူ့အကူအညီလိုလားဆိုသည်ကို မေးချင်မိသွားသည်။နောက်‌ဆုံးမှာတော့ အသွေး၊အသားများနှင့်ခြားနားခြင်းခံထားရသည့်အတွက် တစ်ဖက်လူ၏ အတွေးမှန်များကိုသိနိုင်ရန် မလွယ်ကူလှပါချေ။

သို့သော် ထိုအကြောင်းကို လင်းဟန်သာ ဟယ့်ယွင်ထင်ကိုပြောပြလိုက်ပါက ဦးစွာအရှက်ရမည့်လူက သူပဲဖြစ်မှာပင်။

လင်းဟန်သည် သူ့အတွေးများကို ဟယ့်ယွင်ထင်ပေးထားခဲ့သည့်သေနတ်နှင့်အတူ ချန်ထားခဲ့လိုက်ပြီး သေနတ်ပစ်လေ့ကျင့်ရေးအခန်းမှ ထွက်လာခဲ့ပါတော့၏။

I Can Read Minds But Will Not Be Marked [ဘာသာပြန်] Where stories live. Discover now