အခန်း [ ၄ ]

3.1K 606 9
                                    

• ခင်ဗျားတစ်ခုခုလိုချင်လို့လား?

လင်းဟန် သတိလက်လွတ်ဖြင့် သူ့လက်ကိုချက်ချင်းပြန်ရုတ်လိုက်မိသည်။သူနားကြားမှားတာလားဟုတောင် ‌တွေးမိသွားသည်အထိပင်။သို့သော် ထိုစကားများ မှန်သည်၊မမှန်သည်ကို အတည်ပြုရန်အတွက် တစ်ပါးသူ၏လက်တစ်ဖက်ကို သူထပ်ထိကြည့်လို့လဲမရနိုင်တော့ပေ။ဟယ့်ယွင်ထင်၏ပုံသဏ္ဍာန်မှာ မာနကြီးပြီး စာနာစိတ်မရှိပုံပေါ်၏။

လင်းဟန်သည် ထိုသူမှာ အင်ပါယာ၏ထိပ်တန်းအယ်လ်ဖာတစ်ဦးဖြစ်ပြီး သူ့ကိုချစ်ခင်ကြောင်းပြသသော အိုမီဂါများစွာရှိသော်လည်း ထိုသူတို့ကိုလျစ်လျူရှုကာ တစ်ခါတစ်ရံဆိုလှည့်ပင်မကြည့်ဟုကြားသိထားသည်။ထို့အပြင် တစ်ဖက်လူ၏ အသံသွင်းဖိုင်ကို သူတစ်ကြိမ်နားထောင်ပြီးနောက်တွင် ဤအထင်အမြင်သည်သူ့စိတ်ထဲတွင် ပို၍ပင်ပုံသေပေါ်ပေါက်လာခဲ့၏။

သို့သော် ယခုကြားလိုက်ရသမျှသည် ဟယ့်ယွင်ထင်အပေါ်ထားရှိသည့် လင်းဟန်၏ခံယူချက်အားလုံးကို လုံးလုံးလျားလျား ပြောင်းပြန်ဖြစ်သွားစေသည်။အချိန်တိုလေးအတွင်းမှာ သူပြန်စဉ်းစားကြည့်လိုက်သည့်အခါ သူနားကြားမမှားပါက ဟယ့်ယွင်ထင်က ထိုအတိုင်းအတိအကျပြောခဲ့သည်ပင်။

သူ့၏ကိုယ်ပိုင်rutအချိန်က မရောက်ရှိသေး‌ပေ။တားဆေးများကို အချိန်တိုင်းလိုလိုအသုံးပြုနေသောကြောင့် သူ့၏ဖယ်ရိုမုန်းကိုအနံ့ခံဖို့လုံးဝမဖြစ်နိုင်ဘူးဟု ပြောမယ်ဆိုရင်တောင် အကြောင်းပြချက်ခိုင်လုံနေ၏။

ဗိုလ်ချုပ်ရဲ့အနံ့ခံဆဲလ်တွေက သူ့လက်တွေထဲမှာရှိနေတာများလား?

ပြီးတော့ သူက'အမှတ်အသားပေးချင်တယ်' ဒါမှမဟုတ် တစ်ခုခု...

ဒါကိုတွေးမိသွားသည့်အခါ စိတ်ကောင်းရှိသည့် လင်းဟန်၏မျက်နှာထားမှာ အေးစက်သွားရတော့၏။

"တဆိတ်လောက်"လင်းဟန် လက်အိတ်အဖြူကို ပြန်ဝတ်လိုက်ပြီး‌နောက် အနောက်ကိုခြေတစ်လှမ်းဆုတ်ကာ တစ်ဖက်လူ၏ပြီးပြည့်စုံသော မျက်နှာထံမှအကြည့်လွှဲလိုက်မိသည်။

သို့သော် ဗိုလ်ချုပ်၏စိတ်ထဲမှစကားများက သူ့နားထဲမှမထွက်သေးဘဲကျန်ရှိနေဆဲ။လင်းဟန်တို့တက္ကသိုလ်၌ အယ်လ်ဖာများစွာရှိပြီး သူပထမဆုံးအကြိမ်အဖြစ်စွမ်းရည်ရရှိလာစဉ်က ထိုသူတို့စိတ်ထဲရှိထူးဆန်းသည့်စကားမျိုးစုံကိုကြားခဲ့ရဖူးသော်လည်း ဒီတစ်ခါလောက်ဒဲ့ဒိုးဆန်တာ‌မျိုးတော့မရှိခဲ့ပေ။

I Can Read Minds But Will Not Be Marked [ဘာသာပြန်] Where stories live. Discover now