အခန်း [ ၁၄ ]

1.8K 381 12
                                    

[မကြည့်ပါနဲ့]

လင်းဟန် အတန်ကြာအောင် မှင်သက်သွားရ၏။

ဖိတ်ကြားနေစဉ်မှာတောင် ထိုသူ့ပုံစံက ခပ်တောင့်တောင့်ဖြစ်နေပုံပေါ်သည်။သူသည် လက်တစ်ဖက်ကိုဆန့်ထုတ်ထားပြီး လေထဲတွင်တစ်ဝက်တန့်နေလျက် သူ့၏တုံ့ပြန်မှုကိုစောင့်နေရုံမှလွဲ၍ အခြားဘာလှုပ်ရှားမှုမှမရှိလာခဲ့ပေ။လူထု၏အကြည့်များသည် အတန်ကြာအောင်စွဲမြဲနေဖို့ မဝံ့ရဲကြသော်လည်း တချို့လူများကတော့ ဖိတ်ကြားခံရသူက မည်သူဖြစ်သည်ကိုပင် မနာလိုအားကျစွာ ခန့်မှန်းနေနှင့်ပြီးဖြစ်သည်။

အလင်းရောင်များက ခပ်မှိန်မှိန်ရှိနေဆဲ၊ သို့သော် ဟယ့်ယွင်ထင်၏မျက်ဝန်းများက တောက်‌ပနေ၏။‌ကောင်းမွန်စွာလေ့ကျင့်ထားသည့် စစ်တပ်ထွက် ဟယ့်ယွင်ထင်သည် အရေးကြီးသောဖိတ်ခေါ်မှုတစ်ခုကဲ့သို့ တင်းကျပ်စွာပင် မည်သည့်လှုပ်ရှားမှုမှမပြုလုပ်လာဘဲ လင်းဟန်မတုံ့ပြန်ခင်အထိ ထိုပုံစံအတိုင်းဆက်နေနေသည်။

လင်းဟန် သူ့ကိုကြည့်နေမိဆဲပင်။

သို့သော် ပြဿနာမှာမူ...

ဤသို့သောနေရာများကို လင်းဟန် ဝင်ရောက်ဆင်နွှဲသည်ကရှားပါးလွန်းလှသည်။ကခုန်ခြင်းစသည်ဖြင့် များစွာသောအရာများ၌ သူမပါဝင်ခဲ့ဖူးပေ။

သူမလုပ်နိုင်ပါ။

ဟယ့်ယွင်ထင်ကြည့်ရသည်မှာ အလွန်စိတ်ရှည်ပုံပေါ်ပြီး စောင့်နေစဉ်အတောအတွင်း၌ လင်းဟန်၏စိုးရိမ်မှုများအားကြောက်ရွံ့သကဲ့သို့ တီးတိုးပြောလာခဲ့သည်။

"မင်းလက်အိတ်တွေဝတ်ထားလို့ရပါတယ်"

ထို့ကြောင့် သုံးစက္ကန့်အကြာတွင် အဖြူရောင်လက်အိတ်ဝတ်ထားသည့် ‌နွေးထွေးနေဆဲလက်တစ်စုံမှာ ဟယ့်ယွင်ထင်၏လက်ဖဝါးထဲသို့ ရောက်ရှိလာတော့၏။

"ကောင်းပါပြီ"

လင်းဟန် ပြောလိုက်သည်။အချိန်တိုလေးအတွင်း၌ လင်းဟန် အများကြီးတွေးမိသွားခဲ့၏။

ဥပမာအနေနဲ့ သူ(ဟယ့်ယွင်ထင်)အခုချိန်မှာ ဘာစဉ်းစားနေမလဲ?သူသာလက်အိတ်တွေမဝတ်ခဲ့ရင် ခြားနားတဲ့တုံ့ပြန်မှုကိုသူကြားရမှာလား?သို့မဟုတ် သူငြင်းဆန်လိုက်မည်ဆိုပါက ပြုပြင်ရေးအခန်းထဲမှာ လက်ဆွဲနှုတ်ဆက်ဖို့ကြိုးစားတုန်းကလို ဗိုလ်ချုပ်ရဲ့မျက်ဝန်းထဲမှာ အလိုမကျတဲ့ အလင်းတန်းတွေရှိနေမှာများလား?

I Can Read Minds But Will Not Be Marked [ဘာသာပြန်] Where stories live. Discover now