အခန်း [ ၁ ]

6K 699 3
                                    

• နံပါတ်M2742

"ဗိုလ်ချုပ် ပြန်လာပြီ!"

သူ့ဘေးနားတွင်ထိုင်‌နေသည့်လူက ထိုသို့ပြောလာချိန်တွင် လင်းဟန်က ပုံမှန်စမ်းသပ်မှုပြုလုပ်နေသည့် စက်အနားမှာ ထိုင်နေခဲ့သည်။သူသည် ဖုန်ဒဏ်ခံနိုင်သောမျက်မှန်ကို ဝတ်ဆင်ထားပြီး ဒက်ရှ်ဘုတ်ကိုစေ့စေ့ကြည့်ကာ ရံဖန်ရံခါတွင်မှတ်စုများယူနေ၏။အခြားသူများ၏ပါးစပ်ဖျားမှ ကြယ်အစုအဝေးများကဲ့သို့ပဲ့တင်ထပ်လာသော စကားခေါင်းစဉ်မှာ သူ့အပေါ်ကိုနည်းနည်း‌လေးတောင် သက်ရောက်သည့်ပုံပေါ်မနေပေ။

အလုပ်သင်ဆင်းနေဆဲ ဆယ်ကျော်သက်အချို့သည် အကြောင်းအရာတစ်ခုကို ပြင်းပြင်းထန်ထန် ပြောဆိုနေကြ၏။သူဂရုတစိုက်နားမထောင်မိသော်လည်း ထိုအရာမှာ လာမည့်ပွဲအခမ်းအနားနှင့် ပတ်သက်နေလောက်သည်ဟု တွေးလိုက်မိသည်။

M Systemကိုအင်ပါယာက ပြီးပြည့်စုံစွာအုပ်စိုးချိန်မှစတင်၍ အစကနေအဆုံးအထိ နာမည်တစ်ခုကထပ်ခါတလဲလဲ ရေပန်းစားလာခဲ့၏။_ထိုသူမှာ အင်ပါယာ၏အသက်အငယ်ဆုံးဗိုလ်ချုပ်ဖြစ်ကာ အချွန်ဆုံး လှံ၊တွန်းလှန်နိုင်သော ဓား၊ အပြင်းထန်ဆုံး ချပ်ဝတ်တန်ဆာများနှင့်ဆူးချုံပင်များကို အမြစ်ပြတ်ရှင်းထုတ်နိုင်သည့် ဓားသွားကိုပင်လက်ဝယ်ပိုင်ဆိုင်ထားရာ အောင်ပွဲများ၏သင်္ကေတသဖွယ်ပင်
ဖြစ်လို့နေသည်။

တခြားသော အာကာသများဆီသို့လှည့်လည်သွားလာသူများဆိုစမှတ်ပြုကြသည်မှာ ဟယ့်ယွင်ထင်တစ်ယောက် မတ်တပ်ရပ်နေရုံနှင့်တင် M Galaxyကိုအပြည့်အဝကာကွယ်မှုပေးနိုင်သည်ဟူ၍ပင်။_တစ်ခုရှိသည်က သူ့တစ်ယောက်ထဲကို ရင်ဆိုင်ဖို့အတွက် ဂြိုလ်တစ်ခုလုံးကိုပိတ်ပစ်လိုက်ဖို့ ဆန္ဒမရှိဘူးဆိုလျှင်ပေါ့။

(တစ်ဂြိုလ်လုံးနဲ့သူ့ကိုရင်ဆိုင်မယ်ဆိုရင် နိုင်နိုင်ပေမဲ့အဲ့ဂြိုလ်က‌တော့ အကောင်းအတိုင်းကျန်မှာမဟုတ်ဘူးလို့ပြောချင်တာပါ)

ရလဒ်အနေနှင့်ပြောရပါက သူ့ကိုချေမှုန်းဖို့အတွက် ကြယ်ပင်လယ်ဓားပြတွေနှင့်ပေါင်းစည်းဖို့ကြိုးစားနေသော ဂြိုလ်ငယ်လေးတစ်ခုက အမှန်တကယ်ရှိနေခဲ့သည်။သို့သော် ကံမကောင်းစွာပင် နှစ်ဖက်စလုံးမှ ယေဘုယျတိုက်ခိုက်မှုမစတင်မီမှာပဲဗိုလ်ချုပ်ကြီးက သူ့ဘေးနားရှိ ထိပ်တန်းတိုက်ပွဲအုပ်စုတစ်ခုနှင့်အစပြုကာ ထိုသူတို့ကိုတစ်ရှိန်ထိုးသုတ်သင်ပစ်ခဲ့၏။

I Can Read Minds But Will Not Be Marked [ဘာသာပြန်] Where stories live. Discover now