အခန်း [ ၇ ]

2.5K 442 6
                                    

• ကြယ်အစုအဝေးကြီးက မှတ်ဉာဏ်တွေကိုသယ်ဆောင်ပေးထားလိမ့်မယ်

နောက်တစ်နေ့တွင် လင်းဟန် တက္ကသိုလ်သို့အချိန်မှန်ရောက်လာခဲ့သည်။သူ့၏Estrusကာလက အနည်းငယ်စောနေသည့်အတွက် အာဟာရဓာတ်စာများနှင့်ဖိနှိပ်ဆေးများအား လိုရမယ်ရပုံမှန်ထက်ပို၍ နှစ်ဆယူလာခဲ့၏။

ရှန်ရှိုးနန် သူ့ရုံးခန်းကိုဖြတ်သွားခိုက်တွင် ပစ္စည်းအပိုများကိုတွေ့လိုက်ရသဖြင့် အလိုလိုသိစိတ်အရမေးလိုက်မိသည်။

"မင်းHeatဝင်နေတာလား"

လင်းဟန်က ဘာမှမထူးခြားသည့်အတိုင်းခေါင်းငြိမ့်ပြလာသည်။

ရှန်ရှိုးနန်မှာလဲ အိုမီဂါဖြစ်သော်ငြား အလုပ်စွဲလမ်းနေသူများ၏စိတ်ပိုင်းဆိုင်ရာအပြုအမူများကို နားမလည်နိုင်ပေ။

"ဒီနှစ်အားလပ်ရက်ခွင့်တွေကို မင်းတစ်ရက်မှမသုံးရသေးဘူးမလား၊ ဘယ်အိုမီဂါကများ သုံးရက်လောက် အိမ်မှာနားရဖို့ကိုမမျှော်လင့်ဘဲနေမှာတဲ့လဲ?မင်းတစ်ယောက်ပဲ အာဟာရဓာတ်စာတွေနဲ့တားဆေးတွေယူပြီး အလုပ်ကိုလာနေတာ..."

လင်းဟန်မှာ ဘာမှမထူးခြားသည့်အတိုင်းပင်။

"အလုပ်လုပ်နေရလဲ သက်တောင့်သက်တာ မဖြစ်တာမှမရှိတာ"

ရှန်ရှိုးနန်မှာ တစ်စုံတစ်ရာပြောဖို့ပြင်လိုက်သော်လည်း လင်းဟန်က သူ့၏စိုးရိမ်မှုကိုကြိုသိနေသဖြင့် ရှင်းပြလာ၏။

"ပြီးတော့ နောက်နှစ်ရက်ဆို အပြီးသတ်ပြင်ပေးရမဲ့အလုပ်တစ်ခုရှိတယ်"

"ဘာပြင်ရမှာလဲ၊ မင်းမှာဘာမှမရှိ..."

ရှန်ရှိုးနန်သည် စာကြောင်း၏တစ်ဝက်ရောက်ခါမှရုတ်တရက်ကြီး သဘောပေါက်သွားရကာ၊

"အာ၊ ဟုတ်သားပဲ မင်းမှာဗိုလ်ချုပ်ရဲ့Mechaပြင်ဖို့ရှိနေတာပဲ၊ ဒါပေမဲ့သူအခုပြန်ရောက်လာပြီလေ၊ Mechaကိုအလောတကြီးပြန်မပြင်လဲ ဘာမှမဖြစ်လောက်ဘူးထင်တာပဲ..."

ရှန်ရှိုးနန်ကထိုအကြောင်းကိုတွေးလိုက်ပြီးနောက် ထပ်ပြောလိုက်သည်။

"ဒါမှမဟုတ် မင်းကပြန်ပြီးသွားနားလိုက်၊ငါမင်းကို နှစ်ရက်လောက်ကူညီပေးမယ်လေ၊ အရမ်းမရှုပ်ထွေးဘူးဆိုရင် ငါပြင်နိုင်ပါတယ်"

I Can Read Minds But Will Not Be Marked [ဘာသာပြန်] Where stories live. Discover now