အခန်း [ ၁၃ ]

2K 391 5
                                    

• Mr.လင်း

အားလုံးသိကြသည့်အတိုင်း ဗိုလ်ချုပ်၏လက်ထောက်ဖြစ်သူ ဒုဗိုလ်ကြီးလုတွင်'ကာကွယ်ရေးဒိုင်းကာ'(Aegis Shield)ဟုအမည်ရသည့် အလွန်အင်အားကောင်းသော ခုခံရေးMechaတစ်ခုရှိ၏။

Mecha၏လက်မောင်းများနှင့်ခြေထောက်များမှာ အနည်းငယ်တိုသော်ငြား ကိုယ်ထည်က ပို၍ရှည်လျားကာ ပို၍လေးလံသည်။၎င်းသည် တခြားသောSအဆင့်Mecha များကဲ့သို့ တိုက်ခိုက်ရေးတွင် အင်အားကောင်းလိမ့်မည်မဟုတ်သော်လည်း ခုခံမှုတွင် ၎င်း၏ကိုယ်ထည်မှ အပြင်းထန်ဆုံးသော အလင်းတန်းကန့်လန့်ကာကို ထုတ်လွှတ်ပေးနိုင်သည်။ယခုတွင်မူ ၎င်း၏ပိုင်ရှင်ဖြစ်သူသည် ဒုတိယမြောက်Mechaအခြေစိုက်စခန်းတွင် ၎င်း၏သော့ကိုကိုင်ဆောင်ထားလျက် ခိုက်ခိုက်တုန်နေလေသည်။

ဟယ့်ယွင်ထင်၏အနောက်၌ ရှုပ်ထွေးကာ ခေတ်မှီလှသည့် လုပ်ဆောင်ရေးစားပွဲတစ်လုံးရှိပြီး မျက်နှာပြင်အခွဲမှ ခလုတ်တစ်ခုသည် တိုက်ခိုက်ရေးရုပ်ပုံများစွာကို ပြသလျက်ရှိသည်။သူသည် စားပွဲပေါ်သို့လက်များကို နောက်ပြန်ဖြန့်တင်လိုက်ရင်း အရှေ့ကိုငုံ့ကိုင်းလျက် ဆုံလည်ကုလားထိုင်ပေါ်တွင်ကြုံ့ကြုံ့လေးထိုင်နေသည့် လုအန်းဟယ်ကိုကြည့်လာ၏။သူ့၏မျက်ဝန်းပြာများထဲတွင် ကြောက်ရွံ့နေသည့် ဗိုလ်ငယ်လေးတစ်ဦး၏မျက်နှာက ရောင်ပြန်ဟပ်နေသည်။

"ဘော့စ်!ကျွန်တော် အင်ပါယာအတွက် ချွေးတွေကျခဲ့ရတယ်၊Zergတွေနဲ့တုန်းက သွေးတွေကျခဲ့ရတယ်!ဘော့စ် ကျွန်တော့်ကို ဒီလိုလှည့်စားလို့မရဘူးလေ!"

"ငါသိပါတယ်"

ဗိုလ်ချုပ်ဟယ့်က သူ့လက်ထောက်ရဲ့ အဆိုပြုချက်ကို အတည်ပြုလိုက်၏။

"နည်းနည်းလေးပဲ ခြစ်ရာပေးလိုက်"

"နှစ်စဉ်စစ်ဆေးရေးဖို့အတွက် နောက်ကျနေပြီဆိုတာကျွန်တော်သိပါတယ်!ဒါပေမဲ့ အဲ့ဒါက တကယ်ကြီးပြင်ဖို့လိုမနေဘူးလို့!"

"တခြားဘာလုပ်ဆောင်ချက်မှ မထိခိုက်စေရဘူးလို့ အာမခံပါတယ်"

ဗိုလ်ချုပ်က ထပ်မံ၍ နွေးထွေးစွာဆိုလာသည်။

"ဒါပေမဲ့ အခုတလော လေ့ကျင့်ရေးတွေဆင်းရအုံးမှာ!ကျွန်တော် အဲ့ဒါကိုသုံးဖို့လိုတယ်!"

I Can Read Minds But Will Not Be Marked [ဘာသာပြန်] Where stories live. Discover now