အခန်း [ ၁၆ ]

1.7K 382 7
                                    

•"မင်းစိတ်မဆိုးတော့ဘူးမလား?"

လင်းဟန်သည် စားပွဲပေါ်သို့ပိတ်ကျဲစကို ပစ်တင်လိုက်ရင်း ဟယ့်ယွင်ထင်၏အရှေ့တွင် သူ‌ဒေါသမထွက်သင့်ဘူးဟု ခံစားမိသည်။သို့ပေမဲ့ သူတကယ်နားမလည်နိုင်သည်မှာ ဒီအေးစက်စက်လူက သူ့စိတ်ထဲမှာ ဘယ်လိုဖြစ်လို့ ဒီလိုအရာများစွာကို တွေးနေနိုင်တာများလဲ?

ပြီးတော့... ဒီဒဏ်ရာမှာ ကြည့်လိုက်ရုံနှင့်တင် တကယ့်ကိုနာကျင်ရပုံပေါ်နေသည်။

လင်းဟန်၏ နှစ်၂၀ကြာဘဝသည် အမှန်ပင်ငြီးငွေ့ဖွယ်ကောင်းကာ ဆင်းရဲဒုက္ခမခံစားခဲ့ရ၊ မည်သည့်ရာဇဝတ်မှုမှာမှလဲ နစ်နာသူမဖြစ်ခဲ့ဖူးပေ။အဖြစ်အများ‌ဆုံးအရာမှာ သူဟာ နာကျင်မှုကိုကြောက်ရွံ့ခြင်းပင်ဖြစ်သည်။

အိုမီဂါတစ်ဦးဖြစ်လာပြီးနောက် လင်းဟန်၏ခံစားချက်မှာအတော်လေး တည်ငြိမ်သွားသော်လည်း အသက်၁၈နှစ်အရွယ်တုန်းက သူသာ အိုမီဂါတစ်ဦးဖြစ်လာခဲ့ပါက အမှတ်အသားပေးခံရလျှင် အလွန်နာကျင်ရလိမ့်မည်ဟူ၍ တိတ်တဆိတ်ကြောက်ရွံ့ခဲ့ဖူးသည်။

လင်းဟန် တက္ကသိုလ်တက်ခဲ့စဉ်က တစ်ကြိမ်မျှထိခိုက်ဒဏ်ရာရခဲ့ဖူးပြီး အသေးစိတ်အချက်အလက်များအား သူမမှတ်မိနိုင်၊ သူ့ဦးခေါင်းထဲတွင် အချိန်အတော်ကြာသည်အထိ ဓားနှင့်အထိုးခံနေရသလိုမျိုးသာ ခံစားခဲ့ရသည်။ထိုအကြောင်းကိုတွေးမိသွားသည့်အခါ သူအခုလေးတင်စည်းပေးခဲ့သော ဒဏ်ရာအား လင်းဟန် ဒုတိယတစ်ခေါက်ထပ်ကြည့်လိုက်မိ၏။

သူငြင်သာစွာလှုပ်ရှားပြီး သွေးထွက်ခြင်းကိုရပ်တန့်အောင်ကြိုးစားထားတာတောင်မှ အပြင်ဘက်တွင် သွေးစအနည်းငယ်စွန်းထင်းနေဆဲပင်။ဆေးကိုပြောင်းပြီးသွားသည့်အခါ ဟယ့်ယွင်ထင်က သူ့ရှပ်အင်္ကျီကိုလှမ်းယူနေသည်ကို လင်းဟန်တွေ့လိုက်ရသည်။ဒဏ်ရာမရထားသည့် သူ့၏လက်မောင်းတစ်ဖက်သည် ချောမွေ့ပြီး ပြီးပြည့်စုံသည့် ကြွက်သားလိုင်းများအား ပြသနေသည်။

သူ့ပုခုံးအနောက်တွင် ဒဏ်ရာဟောင်းများစွာရှိသော်လည်း ၎င်းတို့မှာ သူအခုလေးတင်ရရှိခဲ့သည့် ဒဏ်ရာများကိုတော့ မကျော်နိုင်ပါပေ။နာကျင်မှုဒဏ်ကို သူဘယ်လိုလုပ် မခံစားမိဘဲနေနိုင်ရတာလဲ?

I Can Read Minds But Will Not Be Marked [ဘာသာပြန်] Where stories live. Discover now