Chapter(83):တျန်းတျန်းနဲ့ ကော်ကော်-2 တျန်းတျန်းနဲ့ ကော်ကော်-2

Start from the beginning
                                    

"အဲ့ဒါက ဒီလို။ အဖေတို့တွေ ထင်းတွေနဲ့ မြက်ခြောက်တွေကို များများပိုမီးရှို့လိုက်သရွေ့ အဖေတို့ ပြာတွေကို ရနိုင်တယ်။ ဒါပေမဲ့ သားတို့ဖေဖေနဲ့ အဖေတို့မှာ တခြားလုပ်စရာကိစ္စတွေ ရှိနေတော့ မြက်ပင်တွေကို မီးရှို့ဖို့ အချိန်မရှိဘူးဖြစ်နေတယ်။ အဲ့ဒါကြောင့် အဖေက သားတို့ကို မီးရှို့စေချင်တယ်။ ဒီကြေးဒင်္ဂါးပြားတစ်ရာက သားတို့အတွက် အဖေရဲ့ဆုလာဘ်ပဲ။ သားတို့မြက်ပင်တွေကို မီးရှို့ပြီး ငွေတွေကို ယူလိုက်လို့ရတယ်။ ဒါမှမဟုတ်ရင်လဲ သားတို့အတွက် ကူလုပ်ပေးဖို့ တစ်ခြားလူတွေကို ငွေပေးပြီး ငှါးလို့လည်းရတယ်။ သားတို့ဒါကိုလုပ်ဖို့ ဆန္ဒရှိသလား?"

ကလေးနှစ်ယောက်က ချက်ချင်း ခေါင်းမညိတ်ကြပါဘူး။ အဲ့အစား တျန်းတျန်းက ရှုရန်ကို မေးလိုက်တယ်။ "အဖေ သားတို့မီးရှို့လိုက်ရင် ပြာတွေ ဘယ်လောက်များများ ရမှာမလို့လဲ? အိမ်မှာ ထမင်းဟင်းတွေ ချက်ပြုတ်ပြီးရင် ကျန်ခဲ့တဲ့ပြာတွေက မလောက်ဘူးလား?"

ရှုရန်က တျန်းတျန်းရဲ့ခေါင်းလေးကို ထိလိုက်ပြီးတော့ ပြောလိုက်တယ်။ "အဖေတို့တွေ အများကြီးလိုတာ။ အနည်းဆုံး အဖေတို့မိသားစုပိုင် လယ်ကွက်သုံးဆယ်မြူကို အပြည့်ဖြည့်လို့ ရလောက်တဲ့အထိ လိုတယ်။"

လယ်ကွက်သုံးဆယ်မြူဆိုတာ ဘယ်လောက်ရှိမှန်း သူတို့နှစ်ယောက် မသိကြပေမဲ့ သူတို့မိသားစုမှာ လယ်ကွက်တွေအများကြီး ရှိတယ်ဆိုတာကိုတော့ တျန်းတျန်းသိပါတယ်။ ဒီလိုမျိုး လယ်ကွက်အကျယ်ကြီးကို အပြည့်ဖြည့်ရမဲ့ အလုပ်တစ်ခုဆိုတာကို တွေးကြည့်လိုက်မိတော့ ကလေးနှစ်ယောက်သား ချက်ချင်း ခါးသီးတဲ့မျက်နှာလေးတွေ ဖြစ်သွားကြပြီးတော့ စဉ်းစားမိလိုက်ကြတယ်။ "မြက်ပင်တွေကို မီးရှို့ဖို့ အချိန်ဘယ်လောက်ကြာမလဲ မသိဘူး။"

အချိန်တစ်ခဏလောက်တော့ သူတို့ရဲ့မျက်နှာပေါ်မှာ ပျော်ရွှင်ဝမ်းမြောက်မှုတွေ ရှိနေပေမဲ့ နောက်တစ်ခဏလောက်မှာတော့ သူတို့တတွေ စိတ်ဓာတ်ကျလာကြတယ်။ ဟုတ်တယ်။ သူတို့ရဲ့မျက်နှာအမူအရာ အပြောင်းအလဲက အတော်လေး မြန်ဆန်လွန်းတယ်။ ဒါကိုမြင်လိုက်ရတော့ ရှုရန်တစ်ယောက် အံ့အားသင့်သွားမိပြီးတော့ ပြောလိုက်တယ်။ "သားတို့မှာ တစ်လခွဲ ဒါမှမဟုတ် တစ်ဆယ့်ငါးရက်ပဲ အချိန်ရမယ်။ တျန်းတျန်း ကော်ကော် သားတို့လုပ်ချင်ကြရဲ့လား?"

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now