Near the love 38

Começar do início
                                    

မိမိနှင့် ရုပ်ဆင်သလိုလိုရှိသောသူပင်။ ရုတ်တရက်ဆို ရုပ်ဆင်သော်လဲ သေချာကြည့်ရင်တော့ ကွဲလွဲနေသေးသည်။

Moon ထိုမှန်ဘောင်ကိုကိုင်ကြည့် လိုစိတ်ရှိသောကြောင့် အနားကိုအသာတိုးသွားလိုက်ကာ ထိကြည့်မိတော့...

"Moon!!"
"ဟင်...Death"
_______________

အေးစက်နေသော လက်ဖဝါးလေးကို ဇေရဲမာန် ဆုတ်ကိုင်ထားပေးရင်း စိတ်မသက်မသာဖြစ်လှသည်။
"မလုပ်တော့ဘူး ကလေး...ကိုယ်စိတ်မချဘူး"
"ကိုကိုကလဲ မလုပ်ပါနဲ့နော်...သားမကြောက်ပါဘူး ကိုကို"

ကလေးရဲ့ ပြင်းပျတဲ့စိတ်ကြောင့် ဇေရဲမာန် လဲ ထက်မတားချင်ပင်မဲ့ ကလေးတစ်ခုခုဖြစ်သွားခဲ့ရင်ဆိုတဲ့စိတ်ကြီးက မိမိအား ခြောက်လှန့်နေလေသည်။

"ကိုကိုကလဲ သားက ကိုကိုနဲ့သားရဲ့ သွေးသားလေးလိုချင်တယ်...ပြီးတော့ ကိုကို့အတွက် ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးလေးတစ်ခုကို ဖန်တီးပေးချင်တယ်..."

"ဒါပင်မဲ့ "
"တော်! ကိုကိုဆက်ပြောရင် သားစိတ်ဆိုးမိမယ်"

နောက်ဆုံးတော့ အရှုံးပေးရသူကတော့ ဇေရဲမာန် ပင်။

ခုလဲ သားအိမ်ထည့်မှာမို့ ခွဲခန်းဝင်ရမည်လေ....

ရန်ကုန်မှာ စက်ပစ္စည်းတွေ မပြည့်စုံတာမို့ ဘန်ကောက်မှာပဲ လာရောက်ခွဲစိတ်ရခြင်းလဲဖြစ်သည်။

ခဏနေ ဆရာဝန်ကြီးတွေက လပြည့်ဝန်း အား ဂရုတစိုက်ခေါ်သွားလေတော့သည်။ ဇေရဲမာန် လဲ တပ်ကြပ်မကွာလိုက်ခဲ့ပင်မဲ့ ခွဲခန်းရှေ့ရောက်တော့ နေခဲ့ရလေသည်။ ဘဝမှာ အရင်က ဒဏ်ရာမျိုးစုံရခဲ့သော်လဲ တစ်ခါမှ စိတ်မပူဘူး။ အချိန်တန်ဆေးသောက်ဆေးထည့်ရင်း ပျောက်သွားခဲ့တာချည်း။

အခုတော့ ကလေး....ဒါက မိမိအတွက် ဒုတိယအကြိမ်ဆိုလဲ မမှား။ ပထမက မိမိရဲ့ မိုက်မဲမှုကြောင့် ထွက်ပေါက်ရှာခဲ့ဖူးသော ကလေး။ ခုတော့ မိမိအတွက်ဆိုကာ သူရဲကောင်းလေးလုပ်နေသောကလေး....

အမှန်တိုင်းဆို ရင်သွေးလေးကို ဇေရဲမာန် လဲ လိုချင်တာပေါ့။ဒါပင်မဲ့ အငှားကိုယ်ဝန်နဲ့လို့သာ စဥ်းစားခဲ့တာပင်။ လက်တွေ့တော့ ကလေးက သူကိုယ်တိုင်လွယ်မွေးမှာဆိုတော့....

Near the love (Complete)Onde histórias criam vida. Descubra agora