Part 25

1.1K 47 0
                                    

My Husband Is My Girlfriends Brother

Unicode

တဖြတ်ဖြတ်ခါနေသော ခန်းဆီးလိုက်ကာအဖြူရောင်တို့ကြား တစ်လောကလုံးမှာ သူတို့သာရှိတော့သလို။

တသိမ့်သိမ့်တုန်နေသော ကျောပြင်လေးကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်ရင်း

" ဘယ်လောက်တောင် ပင်ပန်းနေလိမ့်မလဲ "

" ဟင် "

ပါးဖောင်းဖောင်းလေးနှစ်ဖက်ပေါ် မျက်ရည်စီးကြောင်းလေးတွေဖြစ်သည်အထိ ငိုထားသောမျက်နှာလေးဖြင့် မော့ကြည့်လာတော့ မြတ်နိုးလွန်းစွာ နှာခေါင်းထိပ်လေးကို ခပ်ဖွဖွနမ်းလိုက်ရင်း မျက်ရည်စတို့ကို လက်မဖြင့်ဖိသုတ်ပေးလိုက်သည်။

" တေး သိတာပေါ့ 'မ'တေးကိုချစ်တယ်ဆိုတာ တေးသိတာပေါ့ တမင်ကိုခေါင်းမာနေတယ်ဆိုတာလည်းသိတယ် တေးအဖေကြောင့်ဆိုတာလည်း တေးသိတယ် "

" ဒါဆို ဘာလို့ ဟင့် ထွက်သွားမယ်ပြောတာလဲ ဟင့် "

" ဟားဟား "

ရှိုက်သံလေးတွေထွက်လာတဲ့အထိ ငိုလာသော ကလေးလူကြီးလေးကို သဘောကျလွန်းစွာ ရယ်လိုက်မိတော့ ပြန်ရလာသည်က မျက်စောင်းနုနု။

" ဘာရယ်တာလဲ "

" ဟင့်အင်း မရယ်ပါဘူး "

" ခုပဲရယ်လိုက်တာလေ "

နှုတ်ခမ်းဖူးဖူးလေးက ရှေ့ကိုဆူထွက်လာတာကြောင့် သခင်မလေးရဲ့ ရွှေစိတ်တော်မညှိုးစေဖို့အရေး ပြီတီတီဖြစ်နေသောရုပ်ကို အမြန်ပင်ပြင်လိုက်ရသည်။

" မ,က ချစ်ဖို့ကောင်းလွန်းတော့ အူယားပြီးရယ်မိတာပေါ့ "

" ဒါဆို မသွားတော့ဘူးမလား "

နှစ်နှစ်ခြိုက်ခြိုက်ရယ်နေသော တေးရဲ့မျက်နှာက ချက်ချင်းကို ပြန်တည်သွားပြီး အောက်ဘက်သို့ ခေါင်းကိုငုံ့ချလိုက်မိသည်။

" သွားရမှာ ဒါပေမယ့် စောင့်နေမယ်မလား "

ရွက်သစ်ကိုယ်တိုင်လည်း စိတ်မကောင်းပေမယ့် ရုပ်မပျက်စေရန်ပြုံးလိုက်ပြီး

" ဒါပေါ့ တေးကို မစောင့်နေမှာ ပြန်လာတဲ့အချိန်အထိ "

နောက်ဆုံးစကားမှာ အဖျားခတ်ကာတိမ်ဝင်သွားပေမယ့် အမြန်ထိန်းလိုက်တာကြောင့် သူမကိုယ်တိုင်ကလွဲ၍ မသိလိုက်။

My Husband Is My Girlfriend's Brother (Complete)Tempat cerita menjadi hidup. Temukan sekarang