Part 15

1.4K 65 2
                                    

My Husband Is My Girlfriend’s Brother

Unicode

သားကို အခန်းထဲသို့ ထားသိပ်ပြီးပြန်လာထွက်တော့ မင်းအမိန့်တော်က အိမ်ရှေ့ဧည့်ခန်းမှာ ထိုင်နေတာကြောင့် တိုင်း သူ့အရှေ့ခုံမှာ ဝင်ထိုင်လိုက်သည်။

“ မင်းအမိန့်တော် “

လေသံပျော့ပျော့က နူးညံ့ပျော့ပျောင်းနေတာမျိုးမဟုတ်ပဲ အေးစက်စက်။
လေသံနှင့်တင် ဒါဘယ်လိုအခြေအနေလဲဆိုတာ ခန့်မှန်းလို့ရတာ‌ကြောင့် မင်းမိန့် နာကျဉ်ခံခက်စွာပြုံးလိုက်မိသည်။

“ ပြောလေ မောင် နားထောင်နေပါတယ် “

“ ငါနဲ့သားကို မနှောက်ယှက်ပါနဲ့ ကျေးဇူးပြုပြီး ဝေးဝေးနေပေးပါ “

ဘယ်လိုတောင် နှင်ရက်လိုက်တာလဲ ကိုကိုရယ်။ ပြောတဲ့သူက ပြောထွက်ပေမယ့် နားထောင်ရသူအတွက်တော့ ရင်ကို မြားအစင်းပေါင်းတစ်ရာနှင့် ထိုးစိုက်နေသည့်နှယ်။

“ မောင်မှမနေနိုင်တာ ကိုကိုရယ် “

“ ထွက်သွားပေးပါ ဒီနှစ်တွေထဲမှာ ရှင်သန်ခဲ့ကြသလိုမျိုး ငါတို့ကိုယ့်ဘာသာနေကြရအောင် “

မုန်းတယ် မောင် ။ နောက်ဆုံးအချိန်ထိ ငါ့ကိုလာမရှာခဲ့တဲ့မောင့်ကို မုန်းတယ်။
ဘယ်အခြေအနေပဲရောက်ရောက် မင်းကိုတွေ့တာနဲ့ခုန်နေတတ်တဲ့ ငါ့နှလုံးသားကိုလည်း ပိုမုန်းတယ်။

“ တောင်းပန်ပါတယ် ခွင့်လွှတ်ပေးဖို့မတောင်းဆိုပါဘူး ဒါပေမယ့် အခွင့်အရေးလေးတော့ထပ်ပေးပါ “

“ အဟက် “

တိုင်း ရင်နာနာနှင့် တစ်ချက်လောက်ရယ်လိုက်သည်။ နှစ်ကြိမ်တိတိ မပြောမဆိုနှင့်ထားခဲ့တဲ့သူကို သူဘယ်လိုထပ်ယုံပေးရမှာလဲ။ ထပ်ယုံပေးဖို့ သတ္တိလည်းမရှိတော့ပါ။
တိုင်း ကိစ္စတစ်ခုကို သတိရကာ ပြုံးလိုက်မိသည်။

“ ကောင်းပြီ ငါမင်းကို လက်ခံပေးမယ် ဒါပေမယ့် … “
.
.
.
.
.

***

“ သခင်မကြီးရေ အကိုလေးမင်းမိန့်ပြန်လာပြီရှင့် “

မနက်၈နာရီခန့်အချိန်တွင် ပတ္တမြားငမောက်စံအိမ်တော်ကြီးအတွင်း၌ အိမ်၏သခင်လေးပြန်လာသောကြောင့် ဆူညံပွက်လောရိုက်နေသည်။

My Husband Is My Girlfriend's Brother (Complete)Where stories live. Discover now