Part 24

1K 44 0
                                    

My Husband Is My Girlfriends Brother

Unicode

" ခင်ဗျားမှာ ရည်းစားမရှိဘူး ဟုတ်တယ်မလား ရှိရင်လည်း ဖျက်လိုက် "

" ရှင်! "

တေးဆိုသောကောင်မလေး ပြောလာသောစကားကြောင့် ရွက်သစ်မှာ ဘာပြန်ပြောရမှန်းပင်မသိ။

" ခင်ဗျားကို ကျွန်မလိုက်တော့မှာမို့လို့ ရည်းစားရှိရင် ဖျက်လိုက်လို့ပြောနေတာ "

ထိုစကားအဆုံး ရွက်သစ်ဆိုလိုရင်းအဓိပ္ပာယ်ကို နားလည်လာတာကြောင့် ဒေါသထွက်လာမိသည်။

" တေးဝတ်လွှာချို ငါကနင်စော်ကားချင်သလို စော်ကားလို့ရတဲ့ ပေါပေါပဲပဲမိန်းမ,မဟုတ်ဘူး ငါနင်တို့လိုမချမ်းသာဘူး ဟုတ်တယ် ဒါပေမယ့် ဆရာဝန်ဆိုတဲ့ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းရှိရှိနေနေတဲ့ မိန်းမတစ်ယောက် ကျေးဇူးပြုပြီး ငါတအားစိတ်မတိုခင် ပြန်ပါတော့ "

" အိုခေလေ ဒါဆိုလည်းနောက်မှတွေ့မယ် ကျွန်မပြောတာကို စဉ်းစားပေးထားဦး "

အမြင်ကတ်စရာကောင်းအောင်ပြုံးပြီး လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ထဲထည့်ကာထွက်သွားသော ကောင်မလေးကြောင့် ရွက်သစ် အောက်နှုတ်ခမ်းကိုဖိကိုက်လိုက်မိသည်။

" တကယ် စိတ်ရှုပ်စရာကောင်းလွန်းတယ် "

.

.

.

" မမလေး မမလေး ဒီမှာမုန့်တွေရ ... "

" ခွေးကျွေးလိုက် မကျွေးချင်ရင် နင်တို့စားလိုက် "

ပြောပြောဆိုဆိုနှင့် ကားပေါ်တက်ကာ ဝူးကနဲမောင်းထွက်သွားသော သူဌေးဖြစ်သူကြောင့် Bodyguardနှစ်ယောက်မှာ ခပ်လှမ်းလှမ်းရောက်နေပြီဖြစ်သော Lamborghiniအနီရောင်လေးကိုတစ်လှည့် လက်ထဲကမုန့်ထုပ်တို့ကိုတစ်လှည့်ကြည့်ရင်း နေရာမှာတင်ရပ်နေမိသည်။

ဒါနဲ့ သူတို့ကို ခွေးနဲ့နှိုင်းသွားတာလား။

" ဟာ ထွက်သွားပြီဟ မြန်မြန်လိုက်ရအောင် "

ခွေးဖြစ်တာအကြောင်းမဟုတ် တစ်ယောက်တည်းထွက်သွားလို့ မမလေးတစ်ခုခုဖြစ်လျှင် သခင်ကြီးလက်ချက်ဖြင့် သူတို့တင်မက မိသားစုဝင်တွေပါ နိဗ္ဗာန်ရောက်ကုန်လိမ့်မည်။

My Husband Is My Girlfriend's Brother (Complete)Where stories live. Discover now