Part 14

1.5K 71 17
                                    

My Husband Is My Girlfriends Brother

Unicode

" တကယ်ဆို အဲ့နေ့က သူ ကိုမင်းအမိန့်တော်ကို မျှော်နေခဲ့တာ "

" ကျွန်တော်လည်း .. "

" ခဏလေးပါ ကျွန်မဆုံးအောင် ပြောပါရစေ "

" ဟုတ်ပါပြီ ပြောပါ "

ကိုကို သူ့ကိုအထင်လွဲနေတာတွေကို သိရအောင် ရွက်သစ်ဝေနဲ့ဆုံဖို့ စားသောက်ဆိုင်တစ်ခုကို သွားခဲ့သည်။ VIPခန်းတစ်ခုယူပြီး ကိုကိုနဲ့ပတ်သတ်တာတွေ ပြောဖြစ်ခဲ့ကြသည်။

" အဲ့နေ့က ကိုတိုင်း ပြန်ပေးဆွဲခံရတယ်

ပြီးတော့ သေလုမြောပါးအရိုက်ခံခဲ့ရတယ်

သူ့ဗိုက်ထဲမှာ အဲ့တုန်းက အဲ့တုန်းက တော်ဝင်လေး 2လသားလေးပဲရှိသေးတယ်

ကလေးလေးရော ကိုတိုင်းရောဘယ်လောက်ကြောက်နေလိမ့်မလဲ "

ပြောရင်းနှင့် အသံတွေပါတုန်လာသော ရွက်သစ်ဝေက ဘယ်လောက်တောင် ကိုကို့အတွက် ခံပြင်းဝမ်းနည်းနေမလဲဆိုတာ သိသာသည်။

" တစ်ကိုယ်လုံးရစရာမရှိအောင် ရိုက်နှက်ခံနေရတာတောင် သူ ကိုမင်းအမိန့်တော်ရဲ့ သွေးသားလေးကို ကာကွယ်ခဲ့သေးတယ်

အဲ့လိုဖြစ်အောင်လုပ်ခဲ့တဲ့တရားခံက တခြားသူမဟုတ်ဘူး ရှင့်အမေဒေါ်မိုးသက်မဒီပဲ

ယုံတာ မယုံတာကတော့ ရှင့်အပိုင်းပဲ

ကျန်တာတွေသိချင်ရင်တော့ ရှင့်အမ မြမှော်သွေးရှင်ကို မေးကြည့်တာ ပိုပြည့်စုံပါလိမ့်မယ် သူက အဲ့နေရာမှာရှိနေခဲ့တဲ့ နောက်လူတစ်ယောက်ဆိုတော့...

ကျွန်မကို ခွင့်ပြုပါဦး Dutyဝင်စရာရှိသေးလို့ပါ "

ရွက်သစ်ဝေထွက်သွားတာနဲ့ သူထိုင်ခုံပေါ်သို့ အရုပ်ကြိုးပျက်ကျသွားရသည်။

ကိုကို အများကြီးပင်ပန်းခဲ့ရပြီ။ တာဝန်မကျေတဲ့ သူ့အတွက်နဲ့ ။

မာမီအဲ့လောက်ထိ လုပ်ရက်လိမ့်မယ်လို့ သူမထင်ထားခဲ့တာတော့အမှန်။

ဒါပေမယ့် ဖြစ်သွားခဲ့ပြီပဲ။ တခြားသူဆို ချက်ချင်းသတ်ပစ်လိုက်လို့ဖြစ်ပေမယ့် ဒါသူ့မာမီလေ။ တစ်ဖက်က ချစ်ရသူ တစ်ဖက်ကလည်း မွေးမိခင် ရွေးရခက်လွန်းလှသော အခြေအနေက လုံးဝကို ကျင်းထဲကြပ်ထဲ။

My Husband Is My Girlfriend's Brother (Complete)Where stories live. Discover now