Part 18

1.2K 52 0
                                    

My Husband Is My Girlfriend’s Brother

U

nicode

“ ကိုကိုလို့ ကိုကိုရာ မောင့်ကိုစိတ်မဆိုးပါနဲ့ “

တစ်နေကုန်သူ့ကိုအဖတ်မလုပ်ပဲ မသိချင်ယောင်ဆောင်နေသူကြောင့် မင်းမိန့်ငိုချင်လာသည်။ ဘယ်လိုမှကိုချော့မရပဲ စိတ်ကောက်နေသူကြောင့် တဗုန်းဗုန်းထုပြီး အော်ဟစ်ပြောဆိုတာခံလိုက်ရတာမှ ကောင်းဦးမည်ဟုတွေးမိသည်အထိပင်။ ဘာပဲပြောပြော ပြန်ပြောတတ်သည်က “မင်းရဲ့သားကိုသွားပြော”ဆိုတာသာပင်။ ပြောရင်လည်း နည်းနည်းမှမကြိုက် ပြီးလျှင်လည်း ကလေးနှင့်အပြိုင်စိတ်ကောက်သေးသည်။ အခုလည်း ညစာစားချိန်ရောက်နေတာကိုမစားပဲ ပန်းခြံထဲလာထိုင်နေတာကြောင့် လိုက်ခေါ်နေရခြင်း။

“ ကိုကိုရေ မောင့်ယောကျ်ားရေ မောင့်သက်ညှာရေ မောင့်မဟေသီလေးရေ “

“ မင်းရဲ့သားကိုသွားပြော “

“ ဟော သားကိုတော့သွားပြောစရာလား သားကိုပြောမယ့်ပြော ကိုကိုဗိုက်ထဲသားကဘယ်လိုရောက်လာတာတို့ မောင်ဘယ်လိုဂိုးသွင်းကောင်း အု … “

ဖတ်…

“ မင်း အရှက်မရှိ ဘာတွေပြောနေတာလဲ “

ပါးစပ်ကို ရုတ်တရက် လက်နဲ့ပိတ်လိုက်တာကြောင့် အသံပင်ဖတ်ခနဲထွက်သွားသည်။ တော်တော်လေးရှက်သွားတယ်ထင်ပါရဲ့ နဂိုဖြူဥသောအသားအရည်က အနီရောင်ဘက်သို့ပင်ပြောင်းကာ ခရမ်းချဉ်သီးလုံးလေးနှင့်ပင် တူနေလေသည်။ မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းလေးတချွန်ချွန်နှင့် မကျေမနပ်မာန်မဲနေပုံက တကယ်ကိုပင်အသည်းယားဖွယ်အတိ။

“ မင်း အွန့် … “

ပါးစပ်ကိုအုပ်ထားသော လက်သေးသေးလေးကို ဆတ်ခနဲဆွဲကာ ချယ်ရီရောင်နှုတ်ခမ်းသေးသေးလေးကို အသာအယာဆွဲငုံမိတော့ ဝူးဝူးဝါးဝါးအော်ကာတွန်းထုတ်နေတာမို့ လက်သေးသေးလေးနှစ်ဖက်ကို သူ့ရင်ဘတ်ထံဆွဲကပ်ရင်း ခေါင်းလုံးလုံးလေးကိုထိန်းကိုင်ကာ အနမ်းတို့ကိုပြင်းထန်စေလိုက်သည်။
“ အ … “

သူ့လျှာကြမ်းကြီးကိုတိုးဝင်ခွင့်မပေးပဲ သွားကိုတင်းတင်းစိထားသောကြောင့် အပြစ်ပေးသည့်အနေနှင့် အောက်နှုတ်ခမ်းသားနုနုကို ဆတ်ခနဲဖိကိုက်လိုက်မှ အနည်းငယ်ဟလာတာကြောင့် အမြန်ပင် ခံတွင်းထဲသို့တိုးဝင်လိုက်သည်။

My Husband Is My Girlfriend's Brother (Complete)Where stories live. Discover now