Part 29 ( Epilogue )

4.2K 91 7
                                    

My Husband Is My Girlfriends Brother

Unicode

Breaking News

*** မြန်မာနိုင်ငံသို့ ထွက်ခွာလာသည့် ခရီးသည်တင်လေယာဉ်တစ်စီး တောင်တရုတ်ပင်လယ်ထဲသို့ ပျက်ကျသွားခြင်း

တီ

လာချင်ရာတွေလာနေသော TVကို ပိတ်လိုက်ပြီး ရေချိုးခန်းထဲဝင်လာခဲ့လိုက်သည်။ ဒီနေ့ ကိုတိုင်းတို့ မဂ်လာဆွမ်းကျွေးရှိနေတာကြောင့် အရင်လို အိပ်ယာထဲ ခွေနေ၍မဖြစ်။

ရေပန်းမှ ရေပေါက်များကို ခန္ဓာကိုယ်အနှံ့ဖြတ်သန်းစေရင်း မျက်လုံးအိမ်မှ မျက်ရည်များကို ကျဆင်းခွင့်ပေးလိုက်သည်။

လေးလရှိပြီ တေး...

တစ်လပဲလို့ပြောပြီး လုံးဝအဆက်အသွယ်ပြတ်သွားခဲ့တာ လေးလရှိပြီ

တစ်ဦးဆိုင် ဖုန်းသံလေးကို မကြားရတာလည်း လေးလရှိပြီ

ရင်ဘတ်တစ်ခုလုံးထူပူနေလောက်အောင်ကို ဘာမှမသိတော့ဘူး

ထားခဲ့ရင်လည်း နေခဲ့မယ့်လူကို တစ်ခါလောက်ပဲဖြစ်ဖြစ်အကြောင်းပြချက်လေး ပေးလို့မရဘူးလား တေး...

တစ်နာရီလောက် ရေထဲမှာထိုင်နေမိပြီးနောက် ပိတောက်ခြောက်ရောင်မြန်မာဝမ်းဆက်လေးကို ဝတ်ဆင်လိုက်သည်။ ဘာမှပြင်ဆင်ချင်စိတ်လည်း သိပ်မရှိတာကြောင့် နှုတ်ခမ်းနီခပ်ပါးပါးသာ ဆိုးလိုက်သည်။ မှန်တင်ခုံပေါ်တင်ထားသော ပစ္စည်းများကို စုပြုံပြီး အိတ်ထဲထိုးထည့်ကာ အပြင်သို့ ထွက်လာခဲ့လိုက်သည်။

သူမ မသိခဲ့သည်က စက်ပိတ်နေသောဖုန်းအတွင်းမှ ရာချီနေသော ဖုန်းခေါ်ဆိုမှုနှင့် Messageတစ်ကြောင်း။

*****************

" အများကြီးမလိမ်းပေးနဲ့နော် မမှော် "

" အေးပါ တိုင်းရယ် နည်းနည်းပဲ "

မျက်နှာကိုလာထိသော Brushနုနုလေးတွေကြောင့် တိုင်းစိတ်ရှုပ်နေရသည်။ ဒီအတိုင်း ဆွမ်းကျွေးလေးကို မိတ်ကပ်လိမ်းခိုင်းနေတာကြောင့် တိုင်းစိတ်ညစ်ပါသည်။ သို့ပေမယ့် လိုလိုလားလားလုပ်ပေးနေတော့ တိုင်းမှာငြိမ်နေရသည်။

My Husband Is My Girlfriend's Brother (Complete)Where stories live. Discover now