Part 3

1.9K 99 7
                                    

My Husband Is My Girlfriend’s Bro


Unicode

ကိုကို ဒီကို ဘယ်လိုရောက်လာမှန်းမသိ။ သူနဲ့ မဏ္ဍိုင်ရဲ့ပတ်သတ်မှုကို ကိုကို့အားမသိစေချင်သေးပါ။ ရုတ်တရက်ဆိုတော့ ဘယ်လိုဖြေရှင်းရမှန်းလဲမသိ။

“ဒါ ငါ့ချစ်သူ JA Groupရဲ့ ဆက်ခံသူ မင်းအမိန့်တော်၊ ကိုကို ဒါ မဏ္ဍိုင့်အစ်ကို နာမည်ကတိုင်းရှစ်ခွင်ယံတဲ့”

“ငါသိတယ်”

ရုတ်တရက်ပြောလာသောကိုကို့ကြောင့် မဏ္ဍိုင်ဘာပြန်ပြောရမှန်းမသိဖြစ်သွားရသည်။

“ရှင်. ဪ ကိုလေးကိုသိတယ်ပြောတာလား
သူက ဆရာဝန်လေ Grand Hanthaမှာ အလုပ်လုပ်နေတာ ”

“ တွေ့ရတာ ဝမ်းသာပါတယ် ကိုကို”

“ ဟင်! ”

သူ့ကို ကိုကိုလို့ခေါ်လိုက်သည့် မဏ္ဍိုင့်ချစ်သူကြောင့် တိုင်းအံ့ဩသွားရသည်။
ဪ သိပြီ သူ့ညီမနဲ့သဘောမတူမှာစိုးလို့ သူ့ကိုဖားနေတာပဲနေရမယ်..

“အာ… ဟုတ် တွေ့ရတာဝမ်းသာပါတယ်ဗျ”

မင်းမိန့် သူ ကိုကိုလို့ခေါ်လိုက်တော့ မျက်လုံးဝိုင်းကြီးတွေနဲ့ တအံ့တဩမော့ကြည့်လာသည့် ကိုကို့ကို အသည်းယားကာ ဖက်နမ်းချင်စိတ်ပင်ပေါက်လာရသည်။

ကိုယ့်စိတ်ကိုယ်လည်းသတိပေးနေရသေးသည်။
*မင်းမိန့် စိတ်ထိန်းစမ်း ကိုကိုစိတ်ဆိုးသွားမယ်*

မဏ္ဍိုင် ကိုလေးကို စူးစိုက်ပြီးကြည့်နေသော ကိုကို့ကြောင့် စိတ်သိပ်မကြည်ချင်တော့။
ကိုကို Straightဆိုတာသိပေမယ့် ကိုလေးကသိပ်ကိုလှလွန်းသည်မို့ စိတ်မချချင်။

“ ကိုကို တခြားဆိုင်ပြောင်းစားရအောင်”

“အင်း”

မင်းမိန့်ဆုံးဖြတ်လိုက်ရသည်။ သူ ပြတ်ပြတ်သားသားလုပ်မှရတော့မည်။ ဒါမှ ကိုကို့အနားကို စိတ်သန့်သန့််နဲ့ကပ်နိုင်မှာ။

“ ငါတို့ ဒီမှာတင်ရပ်လိုက်ရအောင်”

စားပြီးပြီးချင်း ကိုကိုက စကားကို အဆုံးမရှိအစမရှိပြောလိုက်တာကြောင့် မဏ္ဍိုင် ဆွံ့အသွားရသည်။ ပြီးမှ

My Husband Is My Girlfriend's Brother (Complete)Where stories live. Discover now