Part 26

1K 43 0
                                    

My Husband Is My Girlfriends Brother

Unicode

" ပါပါး "

" အာ ပါး,သားအချောလေးက ပါးတို့ကိုလာကြိုတာလား "

" ခ်ခ် "

အိမ်မကြီး၏ ဆင်ဝင်အောက်သို့ခြေချလိုက်သည်နှင့် သနပ်ခါးအဖွေးသားနှင့် Poohရုပ်ကလေးတွေပါသော အနီရောင်ညအိပ်ဝတ်စုံဝမ်းဆက်လေး ဝတ်ထားသောသားက လုံးနေအောင်ပြေးလာသည်မို့ ပေါက်စီလုံးလေးကို မနိုင်မနင်းဆွဲမချီလိုက်ရင်း ဖောင်းကစ်နေသောပါးလေးနှစ်ဖက်ကို ဖိကပ်နမ်းပစ်လိုက်တော့ သားကသဘောကျစွာ တခစ်ခစ်ရယ်လာသည်။ ဖြူအုကာ သွေးကြောလေးများယှက်ဖြာနေသော ဖောင်းအိအိပါးလေးပေါ်တွင် ယုန်ရုပ်ပုံသနပ်ခါးလေးနှစ်ဖက်က ကျကျနနနေရာယူနေသည်မှာ တကယ့်အမွှေးခဲလေးလိုပင်။

" ပါးပါး ရိုင်ရယ် ဗိုက်ချာရယ် "

" ဟုတ်ပါ့ကွာ ပါး,သားလေး ဗိုက်ဆာနေရောပေါ့ လာလာ ပါးတို့ မန်းသွားစားမယ်ကွာ "

သူ့ကိုပင် မေ့ကာ ရယ်ရယ်မောမောနှင့် အိမ်ထဲဝင်သွားသော ကိုကိုနှင့် သားကိုကြည့်ကာ မင်းမိန့်ပြုံးမိသည်။ ကလေးကို ကလေးကြီးက ထိန်းနေသောမြင်ကွင်းက သိပ်ကိုချစ်ဖို့ကောင်းလွန်းသည်။

" မင်းမိန့် "

" တစ်ခုခုပြောစရာရှိနေတာလား မမ "

အနားကိုရောက်လာကာ လေးလေးနက်နက်ခေါ်လိုက်သော မမကြောင့် မင်းမိန့်ကိုယ်တိုင်ကပင် အလိုက်တသိစကားစပေးလိုက်သည်။

" အင်း ငါနင်တို့ကိစ္စကို ဝင်မပါချင်ပေမယ့် ပြောသင့်တာတော့ပြောရမယ် မင်းမိန့် "

မှော် ပြောလက်စ,စကားကို ရပ်လိုက်ပြီး အာရုံစိုက်မှုရှိမရှိ မင်းမိန့်ကိုအကဲခတ်လိုက်တော့ တိတ်တဆိတ်နားထောင်နေတာကြောင့် စကားဆက်လိုက်သည်။

" ငါလည်း ခေတ်ပညာတတ်တစ်ယောက် လိင်တူချစ်သူဆိုတာ ထူးဆန်းနေတာမျိုးမဟုတ်ဘူး လူလူချင်းချစ်တာ မကောင်းတာမျိုးလည်းမရှိဘူး Living Togetherဆိုတာလည်း မထူးဆန်းဘူး ဒါပေမယ့် ငါတို့တွေ ဗုဒ္ဓဘာသာယဉ်ကျေးမှုထုံးတမ်းတွေကို ပစ်ပယ်ထားလို့လည်းမရဘူး ငါတို့ကဘာမှမဖြစ်ဘူးဆိုရင်တောင် တိုင်းအတွက်ထည့်တွက်ပေးဖို့လိုလိမ့်မယ် နောက်ပြီး တိုင်းက သိပ်လှတယ် ကလေးတစ်ယောက်ရှိနေတာတောင် လိုချင်တဲ့သူတွေက ရိုက်သတ်လို့မကုန်ဘူး ဒါကို နင်လည်းသိပါတယ် ငါ့လောဘအတိုင်းပြောရရင် တိုင်းရှစ်ခွင်ယံဆိုတာ JAလုပ်ငန်းစုရဲ့ သားမက် ဆက်ခံသူမင်းအမိန့်တော်ရဲ့ခင်ပွန်းဆိုတာ တစ်လောကလုံးကို သိစေချင်တယ်။ အဲ့အတွက် နင်တိုင်းသိပြည်သိ တရားဝင် လက်ထပ်သင့်တယ် "

My Husband Is My Girlfriend's Brother (Complete)Where stories live. Discover now