Part 8 🔞🚨🚨

2.2K 79 6
                                    

My Husband Is My Girlfriend’s Brother

Unicode

ဒီအပိုင်းကို Big Warningပေးပါတယ်ရှင်
တစ်မနက်လုံး Gay Pornတွေထိုင်ကြည့်ပြီး အသေးစိတ်ရေးထားတာမို့ အသေးစိတ်ဖြစ်နေပါတယ်
ဒါကြောင့် မကြိုက်ရင် မဖတ်ပါနဲ့နော်

************

“ မောင် မောင်ရေလို့ “

“ ….. “

တစ်မနက်လုံး တကျီကျီအော်ကာ အလုပ်ပြန်လုပ်ရရေးတာဆူနေခြင်းဖြစ်သည်။
မောင်က သူ့ကို ဘာမှပြန်မပြောပဲ နေ့လည်စာအတွက် ချက်ပြုတ်နေသည်။

“ မောင်ရေ မောင်က ငါ့ကိုမချစ်တော့ဘူးလားဟင် “

“ ခင်ဗျားဗျာ ပြောလို့ဆိုလို့ မရပါလား
မောင့်အိမ်က ပိုက်ဆံတွေမရတော့ပေမယ့် ခင်ဗျားကို ဝမ်းဝခါးလှအောင်တော့ မောင်ရှာကျွေးနိုင်ပါသေးတယ် “

မင်းမိန့်ကို မာမီက Cardတွေ အကုန်ပိတ်လိုက်ခြင်း။ သူတို့အထင်ကတော့ သုံးစရာမရှိရင် မင်းမိန့်က ပြန်လာမယ်ပေါ့။ အသက် 28နှစ်အရွယ်ယောကျ်ားတစ်ယောက်ဆိုတာ မေ့နေသလားတော့မသိ။ တကယ့်ကလေးအတွေးတွေ။
ကိုကို့ကို အလုပ်မလုပ်စေချင်ဘူးဆိုတာလည်း တစ်ခြားကြောင့်မဟုတ်။
မာမီ ဒီလောက်နှင့်ပြီးမှာမဟုတ်မှန်း သူသိနေသည်။
ကိုကိုကတော့ အန္တရာယ်ကိုမသိသူမို့ အလုပ်ပြန်လုပ်ရဖို့သာ ပြောနေသည်။

“ မောင်ကလည်း မင်းရှာကျွေးနိုင်တာ ငါသိပါတယ်
ဒါပေမယ့် ငါ့မှာ ဆရာဝန်ဖြစ်ဖို့ နှစ်တွေအများကြီး ကြိုးစားထားရတာလေ “

“ ဒါပေမယ့် မောင့်မာမီက ငြိမ်နေမှာမဟုတ်ဘူးလေ
ခင်ဗျားသာတစ်ခုခုဖြစ်သွားရင် မောင်သေမှာ ခင်ဗျားသိရဲ့လား “

“ ငါ ဘာမှမဖြစ်အောင် မောင်က စောင့်ရှောက်ပေးပေါ့လို့
ငါ့ယောကျ်ားရှိနေတာ ငါက ဘယ်သူ့ကိုကြောက်ရမှာလဲ “

တိုင်းရှစ်ခွင်ယံတို့ကတော့ dramaတွေ စခင်းနေပါပြီ။
Puppy Eyesကြီးတွေနဲ့ လူကိုသနားအောင်အမြဲလုပ်ကာ သူလုပ်ချင်ရာကို မဖြစ်ဖြစ်အောင် လုပ်လေ့ရှိသည်။

“ သဘောဗျာ လုပ်ချင်တာသာ လုပ်တော့ “

“ တကယ်နော် မောင်
အာ မောင့်ကိုချစ်လိုက်တာ ဟိဟိ “

My Husband Is My Girlfriend's Brother (Complete)Where stories live. Discover now