31

3.9K 402 12
                                    

"ဝူယွန်း မင်းနဲ့ရိုက်ဖို့ပြောထားတဲ့ရုပ်ရှင်က
စာချုပ်မချုပ်ဖြစ်တော့ဘူးတဲ့..."

"ဘာ... ဘယ်လိုဖြစ်ရတာလဲ"

"အဲတာက သူတို့ယူဟျော့ကို ပြန်ကမ်းလှမ်းဖို့
ကြိုးစားနေတယ် မင်းလည်းသိတာပဲ
လက်ရှိမှာ ယူဟျော့နာမည်ကအရင်ကထက်ပိုပြီး
ကြီးလာတာဆိုတော့လေ အားလုံးကသူနဲ့ပဲ
တွဲရိုက်ချင်နေကြတာ...."

"Fck! ! သူပဲလား ဘာလို့အမြဲ ငါ့ရှေ့ကပိတ်နေရတာလဲ
ငါကင်မ်ထယ်ယောင်းကို ဘယ်လိုတောင် ရှင်းထုတ်ခဲ့ရလဲ
မြွေဟောက်လိုကောင်ကတော့ သူ့ကိုဖယ်ထုတ်လိုက်တာတောင်
ငါ့လမ်းမှာ ဆူးတစ်ချောင်းချန်ခဲ့သေးတယ်"

မန်နေဂျာမှာ ကြမ်းတမ်းတဲ့စကားတွေကိုပြောနေတဲ့ ဝူယွန်းကို မတားဆီးရဲ။ သူကပဲ ပြေးကပ်ခဲ့ရတာမလား ။ ဂန်ဝူယွန်းက ရုပ်ကလေးပဲရှိပြီး အရည်အချင်းမရှိတဲ့ အနှစ်မရှိတဲ့အခွံသက်သက်ဆိုတာသာသိခဲ့ရင် သူချာယူဟျော့အနားမှာပဲ ကပ်နေမှာပေါ့။ ဒီလိုသာဆို အခုချိန်သူလည်း အဆင်ပြေနေလောက်ပြီ။
အခုတော့ ဒီခွေးကောင်လေးအတွက် သူကညစ်ပတ်တဲ့အလုပ်တွေကိုတောင် လုပ်ပေးလိုက်ရသေးတယ်။

"ဘာရပ်လုပ်နေတာလဲ! ကျုပ်အတွက် အခွင့်အရေးတစ်ခုရှာလာခဲ့လေ... သွား.. အသုံးကိုမကျဘူး ကင်မ်ထယ်ယောင်းခြေဖျားကိုပဲ မှီအောင်လုပ်စမ်းပါ! !"

လာပြန်ပြီ ကင်မ်ထယ်ယောင်း.. ဒီကင်မ်ထယ်ယောင်းဆိုတာချည်းပဲ။ ဒါပေမယ့် စိတ်ထဲကစကားတွေကိုတော့ ထုတ်မပြောရဲ။ သူတို့ကတစ်လှေတည်း စီးနေကြသူတွေ ဖြစ်နေပြီ။

"ဝူယွန်းရေ.. ဒီနေ့က မင်းပါတဲ့အပိုင်းလွှင့်မှာနော်"

"ဘာအပိုင်းလဲ..."

"ဟိုရသစုံရှိုးလေ Let's go..."

"အဲတာလား ဘယ်အချိန်လွှင့်မှာလဲ"

"နာရီဝက်လောက်ဆိုပြပြီ"

"ကောင်းပြီ ကင်မ်ထယ်ယောင်းလက်ထွက်အသစ်လေးကရော ဘယ်လောက်လုပ်ပြနိုင်ခဲ့လဲ ကြည့်ရသေးတာပေါ့"

မနက်၉နာရီအတိမှာ Let's go ရသစုံရှိုးက ဂန်ဝူယွန်းနှင့် အန်ယောင်မင်းပါတဲ့အပိုင်းကို ထုတ်လွှင့်လာခဲ့သည်။ ချာယူဟျော့ပါမည်ဟုသတင်းထွက်ခဲ့ပြီးမှ ပါမလာတဲ့အပိုင်းမို့ လူတွေကပိုစိတ်ဝင်စားကြ၏။

𝐇𝐨𝐰 𝐭𝐨 𝐫𝐚𝐢𝐬𝐞 𝐲𝐨𝐮𝐫 𝐁𝐟 ?[[𝐓𝐚𝐞𝐤𝐨𝐨𝐤]] 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝//Where stories live. Discover now