4

5.8K 592 16
                                    

"ဒီကိစ္စက ကျွန်တော်တို့သေချာပြောပြီးသားလေCEO"

ထယ်ယောင်းမျက်ခုံးကိုကြုံ့ရင်းဆိုမိသည်။
သရုပ်ဆောင်လဲဖို့ကိစ္စက တစ်ချိန်လုံးအဆင်ပြေနေပြီးမှ ရုတ်တရက်ကြီးထကာ အခုတော့မဖြစ်သေးဘူးဟုဆိုလာသည့်CEOကြောင့် ထယ်ယောင်း ဘယ်သူ့လက်ချက်လည်းဆိုတာသိနေပြီ။

"ငါသိပါတယ် ထယ်ယောင်းရာ၊ မင်းက S listစာရင်းဝင်မန်နေဂျာတစ်ယောက်၊ မင်းပျိုးလိုက်တဲ့ပန်းတွေတိုင်းက မမွှေးတာမရှိဘူး၊ မင်းအသက်ငယ်ငယ်လေးနဲ့ဒီလောက်အရည်အချင်းရှိတာကို ငါတကယ်သဘောကျတယ်၊ ဒါပေမယ့် ဒီလောကကအရည်အချင်းထက် အခြားဟာကိုပိုအသိအမှတ်ပြုတာကိုမင်းသိပါတယ်"

အများကြီးဝေ့ဝိုက်ပြောနေပေမယ့် သူဘာကိုဆိုလိုလဲဆိုတာ ထယ်ယောင်းသိသည်။ ဒီအလုပ်ကိုသူလုပ်တာက ဝါသနာကြောင့်ဖြစ်သလို မဖြစ်နိုင်ခဲ့တဲ့သူ့အိမ်မက်ကို အခြားလူတွေအတွက်ဖြစ်လာအောင် သူကိုယ်တိုင် ကြိုးစား၍မြေတောင်မြှောက်ပေးနေခြင်း။
သူဘယ်လောက်တော်ပါစေ ဒီလောကကလူတွေတိုင်း ကင်မ်ထယ်ယောင်းကနောက်ခံမရှိတဲ့တစ်ကောင်ကြွက်ဆိုတာသိကြသူချည်းပဲ။ သူယုံကြည်ကိုးစားရတဲ့သူဌေးက သူ့ကိုဖိအားပေးရုံသက်သက်ဖြင့် ထိုနိုင်ကွက်ကိုဖိနင်းလာတဲ့အခါ သူတကယ်အ့ံသြရသလို ဒေါသလည်းထွက်မိသည်။

"ခင်များကျွန်တော့်ကို ဖိအားမပေးပါနဲ့ ဘဲ့ယောင်းဂျွန်း"

"ဒေါသမထွက်ပါနဲ့ကွာ၊ ငါကမင်းကိုငါ့ညီလေးလိုသဘောထားတာမင်းသိတယ်မလား၊ မင်းကစိတ်အရမ်းပြတ်နေလို့ ငါလည်းမတတ်နိုင်ပဲ..."

ထယ်ယောင်းလေပူတွေကို ဟူးခနဲမှုတ်ထုတ်လိုက်ကာ

"ထားလိုက်ပါတော့.. ဒါပေမယ့်တိကျတဲ့အချိန်တစ်ခုတော့ပေး၊ ကျွန်တော် တကယ်ကို သူနဲ့ထပ်ပြီးတွဲမလုပ်နိုင်တော့ဘူး၊ မဟုတ်ရင် ကျွန်တော် ဒီကုမ္ပဏီကိုသံယောဇဥ်တွယ်နေရင်တောင် ကျွန်တော့်ရှေ့လမ်းကပိတ်ခံရရင်တောင် အလုပ်ထွက်ရလိမ့်မယ်"

"ယူဟျော့ကရုပ်ရှင်တစ်ကားလက်ခံထားတယ်၊ ပြည်ပမှာသွားရိုက်ရမှာ၊ တစ်ပတ်အတွင်းထွက်ရမယ်၊ မင်းက သုံးနှစ်ဆက်တိုက် သူ့မန်နေဂျာလုပ်လာတာ၊ ပြည်ပခရီးစဥ်ဆိုတော့ ငါအသစ်ကိုလည်းမသုံးရဲဘူး၊ ကူညီပါကွာ "

𝐇𝐨𝐰 𝐭𝐨 𝐫𝐚𝐢𝐬𝐞 𝐲𝐨𝐮𝐫 𝐁𝐟 ?[[𝐓𝐚𝐞𝐤𝐨𝐨𝐤]] 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝//Where stories live. Discover now